Chapter 4

1.3K 109 25
                                    

" အဲဒီတော့...."

ခွန်းစျာန်က စကားကို ခဏရပ်ထားပြီး မယုံနိုင်သလို ခြောက်ခြောက်သွေ့သွေ့ရယ်သည်။

" အဲဒီတော့ မင်းက သူဘယ်သူမှန်းမသိတာတောင် ကြိုက်ခဲ့တာ။ ကြားထဲမှာလုံးဝပြန်မတွေ့ရတာတောင်မှ ရှစ်​နှစ်ကြာတဲ့ အခုအချိန်ထိပေါ့"

" အင်း"

" သူ့မှာမိန်းမရှိမှာပေါ့"

" အဲဒါနဲ့ဘာဆိုင်လို့လဲ"

" ဟာ အရုဏ်"

လမ်းဘေးအုတ်ခုံလေးပေါ် ခပ်မတ်မတ်ထိုင်နေရာကနေ ဝုန်းခနဲ မတ်တပ်ထရပ်သည်။ လမ်းမီးရောင်က ခွန်းစျာန်အပေါ်တည့်တည့်ကနေ ကျနေတာမို့ မော့ကြည့်လိုက်သည့်အခါ မျက်လုံးအနည်းငယ်စူးသွား၏။

" Gayတာတွေ ဘာတွေထက် ပိုအရေးကြီးတာက ကာမပိုင်ရှိတဲ့ အိမ်ထောင်သည်တစ်ယောက်ကို မင်းကြိုက်လို့ မရဘူး"

" ကြိုက်တယ်ဆိုတိုင်း သူ့ကိုလိုချင်နေတာမှ မဟုတ်တာ။ သူငါ့ကိုမသိလည်းရတယ်။ ပြန်မကြိုက်လည်းရတယ်။ ဒီတိုင်း သူ့နားမှာနေပြီးတော့ သူ့လိုတာလေးတွေပဲ ဖြည့်ပေးချင်တာ"

" မင်းရူးနေလား။ အဲတာမျိုး လောကကြီးရဲ့ ဘယ်နေရာမှာ ရှိလို့လဲ။ လူတိုင်းက သိလို့ဖြစ်ဖြစ် မသိလို့ဖြစ်ဖြစ် တစ်ခုခုကို ပေးလိုက်ပြီဆို အနည်းဆုံးအသိအမှတ်ပြုခံချင်တဲ့ မျှော်လင့်ချက်လေးရှိတယ်။ အဆင်ပြေသွားလို့ မင်းသူ့နားမှာနေသွားရမယ်ထားပါတော့...အဲဒီအချိန်မှာတောင် ဘာမှမမျှော်လင့်ဘူးဆို မင်းလိမ်ပြောတာပဲ"

" ငါမလိမ်ဘူး"

" မဖြစ်နိုင်ဘူး"

" ခွန်းစျာန်...မင်းငါ့ကိုမယုံဘူးလား"

ခပ်ဝေးဝေးကို လှမ်းကြည့်နေတဲ့ မျက်လုံးတွေ လင်းအရုဏ်ဆီ ပြန်ရောက်လာသည်။

" ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားရာက သူငိုတာကိုမြင်ပြီး လိုက်ငိုတယ်ဆိုတဲ့အကြောင်းကို ငါ့ကိုယုံစေချင်နေတာလား"

" အဲဒီအကြောင်းအရာကို မဟုတ်ဘူး။ ငါ့ကိုယုံလားလို့မေးနေတာ"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now