"ကျွန်တော်ရှိတယ်လေ..ခင်ဗျားကို တန်ဖိုးထားတဲ့သူ"
ဒီလို ဟိုမလွတ်ဒီမလွတ်စကားတွေမကြားရတာ တစ်လလေးပဲ ရှိသေးတာပါဆိုတဲ့ အတွေးဝင်လာပြီး သူ့ကို ခပ်စေ့စေ့ကြည့်မိတော့လည်း တောင်းပန်စကားဆီပဲ ရောက်သွားရော...
"ဘာကိုလဲ"
"အရမ်းပင်ပန်းနေမှာကို ဖွင့်ပြောမိလို့"
ပင်ပန်းနေမှာတဲ့....သူကပဲ ပြောရတယ်ရှိသေး။
"မင်းငါ့အကြောင်း ဘာသိလို့လဲ" ဆိုတော့ရယ်တယ်။ မသိချင်ပေမဲ့ နားလည်လိုက်ပါတယ်။ အဲလိုရယ်ပုံရယ်နည်းက စစ်နေ တံ့ဘုန်းသစ်ကို မလုံမလဲနဲ့ တစ်ခုခုလိမ်ပြောရင် တံ့ဘုန်းသစ် ရယ်တဲ့ဟန်မျိုး။ ဘာလား။ သူက တံ့ဘုန်းသစ် အဖေလည်း မဟုတ်ဘူး။
"မင်းမပြန်ဘူးလား"
ပခုံးတစ်ချက်တွန့်တယ်။ ပြီးတော့ ကြားဖူးသမျှထဲမှာ အတည်ငြိမ်ဆုံးအသံနဲ့ ပြောတာက...
"ကျွန်တော် ဖွင့်ပြောတာကို ရုတ်သိမ်းတယ်လို့ သဘောထားလိုက်"တဲ့။
ရုတ်သိမ်းတယ်တဲ့....
နောက်ဆုံးကျ...မင်းအတွက်လည်း ခံစားချက်ဆိုတာ လွယ်လွယ်နဲ့ ဖွင့်လို့ ပိတ်လို့ရတဲ့ တံခါးပေါက်။ လွယ်လွယ်နဲ့ကျလို့ရ၊ သုတ်လို့ရတဲ့ မျက်ရည်လိုမျိုးပဲမလား။
"ငါလုံလောက်နေပြီ လင်းအရုဏ်။ လူတွေ ငါ့ဘဝထဲကနေ ထွက်သွားတာ...ငါ့အတွက် ဒီလောက်ဆို လုံလောက်နေပြီ"
အဲဒီတုန်းက သွေးရူးသွေးတန်းတွေပြောနေမိတာ ကိုယ့်ကိုယ်ကိုယ်သိတယ်။ ဒါပေမဲ့ အဲ့ကောင်လေး အထင်လွဲသွားမလား...တစ်မျိုးတွေးသွားမလား....ဒါတွေကတော့ ခေါင်းထဲမှာ ရှိမနေဘူး။
တွေးကွာ...တွေးလည်း ဂရုမစိုက်ဘူး။ ဒီအချိန်မှာ အဲဒီအတွေးတွေက ဘာအရေးပါလို့လဲ။ မျက်ကွယ်ပြုထားမိတဲ့ အမှန်တရား၊ ကြောက်လို့ ထွက်ပြေးနေခဲ့မိတဲ့လက်ရှိကို ရှေ့မှာ ရပ်နေတဲ့ ဒီကောင်လေးက ရဲရဲကြီးဆွဲခေါ်လာခဲ့တာ။ နေယံသေရတာ...နေယံသေရတာကလည်း.... တစ်ယောက်ယောက်ရဲ့ လုပ်ကြံမှုကြောင့်တဲ့။
သူ့နှုတ်ခမ်းထောင့်က အထိုးခံထားရတဲ့ ဒဏ်ရာကို လရောင်အောက်မှာ အညိုရင့်ရင့်နဲ့ မြင်နေရတယ်။ လွန်ခဲ့တဲ့မိနစ်ပိုင်းက အတောမသတ် ထွက်နေခဲ့တဲ့ ဒေါသက အခုအချိန်ထိ ပြန်မငြိမ်နိုင်သေးဘူး။ သူသာ ဝင်မတားလိုက်ရင် အဲဒီ မသာကောင်ကို အဲဒီနေရာမှာတင် အသေသတ်ပစ်လိုက်နိုင်တဲ့အထိ ဒေါသထွက်နေခဲ့တာ။ ဘာလို့လဲ။ ဘာလို့ ဒေါသထွက်တာလဲ။ အဲဒီအတွက်အဖြေက ရင်ထဲမှာ ရှင်းနေတယ်။ လက်မခံချင်တာ တစ်ခုပဲရှိတာ။ လက်မခံနိုင်သေးတာလေးပါပဲ။
ESTÁS LEYENDO
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
Ficción Generalသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...