Chapter 28

990 81 30
                                    

တစ်ကိုယ်လုံးကို ရုတ်တရတ်ဆိုသလို လွှမ်းခြုံသွားသည့် အအေးဓာတ်တစ်ခုကြောင့် လွင့်မြောနေသည့် အသိစိတ်ဟာ ခန္ဓာကိုယ်နဲ့ ပြန်လည် ချိတ်တွဲမိသွား၏။ ဇက်ကျိုးကျနေသည်မို့ ပထမဆုံး မြင်လိုက်ရတာက အနက်ရောင် ရေပုံးတစ်ခုကို ကိုင်ထားသည့် လူတစ်ယောက်၏ ခြေထောက်အောက်ပိုင်း ဖြစ်သည်။

လင်းအရုဏ်ဆံပင်ကနေ ရေတွေတစ်တောက်တောက်ကျနေ၏။ ခေါင်းမော့ဖို့ ကြိုးစားလိုက်သည့်အခါ အရိုက်ခံထားရသည့် ဇက်ပိုးက အောင့်ခနဲ နာသွားသလို ကြိုးနဲ့တုပ်ပြီး အထိုးခံထားရသည့် ပါးပြင်မှာလည်း စပ်ဖြင်းဖြင်း။ အကန်ခံထားရသည့် ဗိုက်ထဲမှာလည်း နာကျင်မှု ခပ်ပြင်းပြင်းတစ်ချို့ရှိနေသည်။ လက်ရှိလည်း ခုံတစ်ခုံပေါ်မှာ ထိုင်နေရင်း လက်ပြန်ကြိုးတုပ်ခံထားရသည်ဟု ထင်၏။

"မြန်မြန်ထ"

ခဏလေအတွင်းမှာတင် ရင်းနှီးသွားပြီဖြစ်သည့် အသံပိုင်ရှင်ကို မော့ကြည့်မိသည်။ မျက်စိရှေ့မှာ ရှိနေတဲ့လူဟာ လင်းအရုဏ် ခန့်မှန်းထားသည့်အတိုင်းကို ပူရှိန်းသကြားလုံးနံ့ရေမွှေးသုံးသည့်လူ။

လွန်ခဲ့သည့်အချိန်က တံ့ဘုန်းသစ်နဲ့ ဖုန်းပြောနေတုန်း သူ့ကို သစ်ပင်တစ်ပင်နောက်ကွယ်ကနေ လင်းအရုဏ်ကို လှမ်းကြည့်နေတာ မြင်လိုက်တာမို့ ဖုန်းချပြီး ချက်ချင်းနောက်က လိုက်သွားမိ၏။ ထောင်ချောက်ဆိုတာ မသိခဲ့။ လူရှင်းတဲ့ လမ်းကြားတစ်ခုအရောက်မှာ ထိုလူ့ကို မှီသည်။ ထိုလူကို လှမ်းဆွဲဆွဲလိုက်ချင်းမှာ လင်းအရုဏ်ကို ရုတ်တရတ်လှည့်ပြီး ယှဥ်ထိုးဖို့ ကြိုးစားပေမဲ့ မျက်နှာထဲ လက်သီးဝင်သွားအောင် ထိုးနိုင်လိုက်သည့်လူက လင်းအရုဏ်ဖြစ်နေသည်။ သို့သော် ထိုလူ့ကို သစ်ပင်တစ်ခုမှာ လည်ပင်းကို ဖိချုပ်ထားရင်း သိချင်နေသည့် မေးခွန်းတွေ ထုတ်မေးဖို့ ကြိုးစားနေတုန်း နောက်ကနေ တုတ်နဲ့ ချောင်းရိုက်ခံလိုက်ရခြင်းဖြစ်သည်။ အဲဒီမှာ လင်းအရုဏ် သတိမေ့သွားပြီး ဒီနေရာကို ခေါ်လာခံရခြင်းဖြစ်၏။

"အသံလေးဘာလေးထွက်ဦး။ တံ့ဘုန်းသစ်မြင်ရင် ငါက မင်းကို သေလောက်အောင် ရိုက်နှက်ထားတယ် ထင်နေဦးမယ်။ ငါ့ကို ကူလုပ်ပေးတဲ့ ကောင်လေးတောင် ပြန်လွှတ်လိုက်ပြီ။ အေးဆေးစကားပြောချင်လို့"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now