Chapter 6

1.1K 108 24
                                    

" နင်ဘာဖြစ်နေတာလဲလို့ လင်းအရုဏ်"

နားရွက်လိမ်ဆွဲခံလိုက်ရမှုနဲ့အတူ အသံစူးစူးတစ်ခု နားထဲ ပြေးဝင်လာတော့မှ လူက အားခနဲ ထအော်မိသည်။ အသိစိတ်အဝင် တည်ရှိရာ နေရာကို မျက်လုံးဝေ့ကြည့်မှ အိမ်က မနက်စာ ထမင်းဝိုင်းမှာ ထိုင်နေမိခြင်းဖြစ်၏။ ဖေဖေနဲ့မေမေကလည်း လင်းအရုဏ်ကို နားမလည်သလို ကြောင်ကြည့်နေသည်။

" မနေ့က ဆိုင်ကနေပျောက်သွားကတည်းက ဒီလိုဖြစ်နေတာ။ တစ်ညကုန်ပြီး နောက်တစ်နေ့မနက်ရောက်နေပြီ။ သေမလိုဖြစ်နေတုန်း! ပြောစမ်း နင်ဘာဖြစ်နေလဲ"

" သြော် သမီးရယ်။ အေးအေးဆေးဆေးမေးလည်းရပါတယ်"

ဘေးမှာထိုင်နေသည့် မေမေက ဝင်ဟန့်၏။ လင်းအရုဏ် စုတ်တစ်ချက်သပ်ရင်း လက်ထဲမှာ ဘယ်ကတည်းကမှန်းမသိ ကိုင်ထားသည့် မုန့်လုံးကြီးကျော်တစ်ဝက်လောက်ကို ကိုက်ပစ်လ်ုက်၏။

" လူငယ်ပြဿနာပဲ"

" နင်ကလူငယ်လား"

" မမထက်တော့ငယ်တယ်"

စကားစကို ပြတ်ချင်နေတာမို့ ပြီးပြီးရော ဖြေလိုက်ကာမှ ပိုဆိုးသွားတော့၏။

" နင်နဲ့ငါနဲ့ ဘယ်လောက်များကွာနေလို့လဲ"

" တကယ်ပဲ လူကြီးတွေကို နားကိုမလည်နိုင်ဘူး"

" ဘာ? လူကြီး? ဘယ်သူက လူကြီးလဲ။ ငါ့ကို လူကြီးလို့မခေါ်နဲ့ ငါ့အခုမှ ၂၉ပဲရှိသေးတာ"

" ဘာပဲဖြစ်ဖြစ် အသက်ပိုကြီးတယ်ဆိုပြီး ဆရာလုပ်ချင်ကြတာ အတူတူပဲမလား။ ပြောနေတာကိုကျ နားမထောင်ပေးဘဲနဲ့"

" ငါဘယ်တုန်းက ဆရာလုပ်လို့လဲ"

" အဲလိုပဲပြောကြတာပဲ။ ပြီးရင် သူတို့ပဲသိ၊ သူတို့ပဲ တတ်"

" လင်းအရုဏ် နင်စကားကို ရှင်းရှင်းလင်းလင်းပြောစမ်း"

" မမတို့လူကြီးတွေက လူငယ်တွေကိုဆို အယုံအကြည်မရှိဘူးမလား။ ဘာပြောပြောမဟုတ်တာပြောနေတယ် ထင်ကြတာမလား"

" အေး ငါသာဆိုရင်တော့ နင့်မို့လို့ အယုံအကြည်မရှိတာ သေချာတယ်"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now