"ဘာ...ဘာgroup"
ဆေးလိပ်မီးမညှိရသေးသည့် အမှောင်ထဲကလူက မီးညှိသည့်ဆီကို မရောက်နိုင်ဘဲ နားမလည်သလိုပြန်မေးသည်။
"ခွန်းအရုဏ် groupတဲ့၊ ခွန်းဆိုတာက တံ့ဘုန်းသစ်သားတက်နေတဲ့ ကရာတေးသင်တန်းက နည်းပြနာမည်၊ အရုဏ်ဆိုတာက..."
" ငါ့ကို တံ့ဘုန်းသစ်နဲ့ နွယ်နေတဲ့လူတွေရဲ့ နာမည်တောင်မသိဘူးထင်လို့ ရှင်းပြနေတာလား"
" မဟုတ်ပါဘူး"
"We love ခွန်းအရုဏ်"ဆိုသည့် Group နာမည်ပေါ်နေသည့် Facebook စာမျက်နှာကို ထိုးပေးနေသည့် ဒီဘက်ခြမ်းကလူက ခပ်တွန့်တွန့်ဖြေသည်။ ဖုန်းကို ဆွဲယူပြီး စစ်ကြည့်လိုက်၏။ တင်ထားတာတွေက သူတို့လို အရွယ်တွေရဲ့ မျက်လုံးနဲ့ မည်သို့မှ အပ်စပ်မှုမရှိသည့် ဓာတ်ပုံတွေနဲ့ Videoတွေ။ ရွံရှာစွာ စိုက်ကြည့်ရင်း နောက်ဆုံးတင်ထားခဲ့သည့် Postရဲ့ Captionကို ကြည့်လိုက်သည်။
"အမယ်လေး တကယ်တွဲနေပြီထင်ပါရဲ့ 😭😭 ဒီနေ့ မင်မင့် မျက်စိရှေ့မှာတင် ... အချင်းချင်း ဖက်ထားလိုက်ကြတာ🥺"
ထပ်ခါတလဲလဲ ပြန်ဖတ်သည်။ အောက်မှာ ပါသည့် Videoဟာ ခွန်းစျာန်ဆိုသည့်ကောင်လေးနဲ့ လင်းအရုဏ်ဆိုသည့် ကောင်လေး အချင်းချင်းဖက်ထားသည်ကို ကျောဘက်ခြမ်းကနေ ရိုက်ထားခြင်းဖြစ်သည်။ အဲဒါယောကျ်ားနှစ်ယောက်လေ... ထိုလူ့စိတ်ထဲ အန်ချင်သွား၏။
"မင်မင်ဆိုတာဘာလဲ"
နှာခေါင်းရှုံ့ထားရင်းက မေးမိသည်။
" အခုခေတ်ကလေးတွေ Adminကိုပြောတာ"
" သူတို့ဘာကို အရည်မရအဖတ်မရလုပ်နေတာလဲ။ စိတ်ပျက်စရာပဲ"
ဖုန်းကို ခပ်ဝေးဝေးလွှင့်ပစ်လိုက်၏။ မီးမညဇိရသေးသည့် ဆေးလိပ်ကိုယခုမှ ဟန်ပါပါနဲ့ မီးညှိပြီး အဆုတ်ထဲထိ ရှိုက်ကာ ဆေးလိပ်ငွေ့တွေကို ပြန်မှုတ်ထုတ်လိုက်သည်။
" ဆိုတော့ သူတို့နှစ်ယောက်က တွဲနေတာပေါ့"
" ဖြစ်နိုင်ချေများပါတယ်"
" ပြောချင်တာက လင်းအရုဏ်ဆိုတဲ့ အိမ်ဖော်ကလေးထိန်း နုနုထွတ်ထွတ်လေးက Gayလေးပေါ့"
![](https://img.wattpad.com/cover/276668017-288-k262919.jpg)
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...