/ လက်ရှိအချိန် /
"တံ့ ဘယ်မှာလဲ!"
လင်းအရုဏ်ဆောင့်ဆွဲလိုက်သည့် ကော်လံစကြောင့် စားပွဲမှာထိုင်နေသည့်လူက လက်ထဲကို မြောက်ပြီးပါလာသည်။
"လင်းအရုဏ်"
နောက်ကနေ ကပ်ပါလာသည့် မမ၏ တားမြစ်သံနဲ့အတူ ဆိုင်ထဲမှာ တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေသည့် ဧည့်သည်တွေကပါ လင်းအရုဏ်တို့ စားပွဲဝိုင်းရှိရာကို လှည့်ကြည့်လာ၏။
ခွန်းစျာန်အိမ်ကနေ ပြန်ထွက်လာသည့်အချိန်မှာ မမဆီကနေ လင်းအရုဏ်ကို ဖုန်းခေါ်ပြီး စစ်နေကို ချီလျက် လူတစ်ယောက် ရောက်လာသည်ဟု ဆို၏။ အဲဒီအချိန်မှာ ခွန်းစျာန်ဖုန်းရော၊ တံ့ဖုန်းရော ခေါ်လို့မရတော့။ တစ်ခုခုမှားယွင်းနေပြီဆိုတာ သတိမထားမိဘဲ နေပါတော့မလားလေ။ ဆိုင်ကို ဒုန်းစိုင်းပြေးလာပြီး အဲဒီလူကို တွေ့တွေ့ချင်း အဲဒီလူ၏ လက်ထဲမှာ ကုတ်ကုတ်လေးကို တွေ့ရသည်။ လင်းအရုဏ် ဝက်ဝံရုပ်လေးနှစ်ရုပ်လုံးကို သူ့အိမ်က လင်းအရုဏ် အခန်းထဲမှာ ထားခဲ့တာ။
"သူဘယ်မှာလဲလို့!"
"ကျ....ကျွန်တော် ရှင်းပြပါ့မယ်။ ဒါလေး... လွှတ်...လွှတ်ပေးလို့ရမလား"
အံကိုတင်းတင်းကြိတ်ရင်း တံ့ဘုန်းသစ်၏ လက်ထောက်ပါလို့ ပြောလာသည့်လူရဲ့ ကော်လံစကို ပြန်လွှတ်ချလိုက်သည်။ ဟိုလူက ခုံပေါ်ကို ပုံခနဲ ပြန်ကျသွား၏။ စစ်နေကိုတော့ အခန်းထဲမှာ သိပ်ထားသည်ဟု မမက ပြော၏။
"ဒီနေ့မနက် ဆရာက ကျွန်တော့်ကို ခေါ်တွေ့ပြီး သူ့သားလေးကို ခဏခေါ်ထားပေးဖို့မှာတယ်။ တကယ်လို့ ညနေရောက်လို့မှ သူ့ဆီက အဆက်အသွယ်မရသေးဘူးဆို ဒီဆိုင်ကိုလာပြီး ကလေးကို ဒီက လင်းအရုဏ်ဆီ အပ်လိုက်ပါဆိုလို့။ ကျွန်တော်...ရောက်လာတာ.."
"သူဘယ်ကိုသွားလဲ ပြောသွားလား
"ကျွန်တော့်ကို မှာသွားတဲ့ထဲမှာ အဲဒါမပါဘူး"
"သူပြောသွားတာ အဲဒါအကုန်ပဲလား"
ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်မိ၏။
" သိပြီ။ ကျွန်တော် သူ့နောက်လိုက်သွားမှဖြစ်..."
"ဟာ...မရ...မရဘူး"
STAI LEGGENDO
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
Narrativa generaleသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...