Chapter 3

1.5K 122 50
                                    

နေ့ရက်တစ်ချို့ ပြောင်းရွှေ့ဖြတ်သန်းလာ၏။ နောက်ထပ် နှစ်ပတ်ကျော်ကြာလာတဲ့အထိ စစ်နေကို သူထပ်လာမကြိုတော့။ " ဖေဖေက မအားတာများတယ်"လို့ ပြောပေမယ့် စစ်နေတစ်ယောက် ကလေးထိန်းဆိုတဲ့ မိန်းမနဲ့ပဲ ပြန်ပြန်နေရသည်ကို မြင်တော့ စိတ်မကောင်း။ နေ့တိုင်းလိုလိုကို သင်တန်းမှာ အဲဒီကလေးနဲ့ သွားတွေ့နေတာမို့ အိမ်ပြန်ချိန်ရောက်ပြီဆို ထိုကလေးမျက်နှာမကောင်းတာ သတိထားမိသည်။

စစ်နေကို အရင်က အခုလို မေးဖူးပါသည်။

" ပေါက်စကို လာကြိုနေတဲ့ တီတီက သဘောကောင်းလား?"

စစ်နေကမဖြေ။ ရှိတာကို အကုန်ထုတ်ပြောရမယ့် လေးနှစ်အရွယ် ဒီကလေးက ဒီမေးခွန်းကို မဖြေရဲရလောက်အောင် ( စိတ်အထင်) သူ့နှလုံးသားငယ်ထဲ ဘာတွေကိန်းဝပ်နေလဲ လင်းအရုဏ် မမှန်းဆတတ်ပါ။

"နင်ဘာလို့ ခွန်းစျာန်ဆီကို အားတာနဲ့ သွားနေတာတုန်း!?"

မမမိုးသက်မေတစ်ယောက် သည်းမခံနိုင်တော့သလို ကုန်းအော်ရတဲ့အထိ ဆိုင်နဲ့ ကရာတေးသင်တန်းရှိရာနေရာက ချောင်းပေါက်နေခြင်းဖြစ်သည်။ သို့သော် လင်းအရုဏ် actionက စစ်နေလေး၏ reactionကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နိုင်လာတာကြောင့် အကျိုးယုတ်စရာမရှိ။ အခုဆို စစ်နေက လင်းအရုဏ်ကို မြင်တာနဲ့ ခုန်ပေါက် နှုတ်ဆက်တတ်နေပြီ။

ပါလာတဲ့ မုန့်ထုပ်လေးတွေ ပြလို့ စစ်နေမျက်နှာလေး လန်းသွားတာကို မြင်ရတာကိုက လင်းအရုဏ်အတွက် အသက်။ လင်းအရုဏ်ငယ်စဥ်ကဆို ဒီလိုအရွယ် အိမ်မှာ အိပ်လိုက်စားလိုက် သာယာနေခဲ့သည်ဟု အမေကပြောသည်။ သို့သော် ဒီကလေးကတော့ အသိုင်းအဝိုင်းတွေရဲ့ မြင့်မားတဲ့ စံနှုန်းတွေကို လိုက်မှီဖို့ အခုအရွယ်ကတည်းက တတ်သင့်သည့် ပညာသင်နေရ၏။

စစ်နေပြောပုံအရ သိရတာ သူက အဆောက်အအုံအကြီးကြီးတစ်ခုမှာ အလုပ်သွားသွားလုပ်သည်တဲ့။ ရာထူးတွေ ဘာတွေ ဒီကလေးမသိ။ တစ်ခါတစ်လေ ကလေးနဲ့ အတူတူရှိနေရင်းတောင် laptopနဲ့ အလုပ်လုပ်နေတတ်သည်ဟုသိရသည်။ အလုပ်ပဲမဲလုပ်ပြီး ကလေးကိုပစ်ထားတတ်သည့် မိဘတစ်ယောက် မဟုတ်သော်ငြား ဖခင်တစ်ယောက်တည်းထိန်းသိမ်းရတဲ့ မိသားစုကို တစ်ခါတစ်လေ ဂရုစိုက်အားမပိုနိုင်တာမျိုး။ လင်းအရုဏ် နားလည်ပါသည်။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now