Chapter 30

1.1K 82 43
                                    

အမှုက ပြန်ပေးဆွဲမှုဆိုတာ သိသာပြီး သက်သေတွေဘာတွေ မလိုတော့တာကြောင့် တံ့ဘုန်းသစ် ရဲစခန်းရောက်သွားသည့်အချိန်မှာ အရာရာဟာ အသင့်ဖြစ်နေခဲ့ပြီ။ ဒီနှစ်ယောက်က ငြင်းလည်းမငြင်းတာမို့ တရားရင်ဆိုင်စရာ အနည်းငယ်နဲ့ အရှုပ်အထွေးအနည်းငယ်ပြီးရင် ထောင်ကို လွှဲပြောင်းပေးလိုက်ရုံ။ အရေးပေါ် အချုပ်ခန်းထဲမှာ ချုပ်ထားသည့် နှစ်ယောက်ထဲက ရင်းနှီးပြီးသား တစ်ယောက်ကို တံ့ဘုန်းသစ်နဲ့ သီးသန့်ပေးတွေ့သည်။

"မင်းပြန်လာကတည်းက ကိစ္စတွေအားလုံး စတာ"

ထိုလူက ရှင်းပြ၏။

"ဟိန်းမင်းဇေက ဘေးလူတွေကြည့်ရင် သာမန် စားသောက်ဆိုင်ပိုင်ရှင်ပဲ။ အင်းပေါ့။ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ မိန်းမနည်းနည်းရှုပ်တာနဲ့ လောင်းကစားလေးလည်း နည်းလုပ်ပေမဲ့ ဒါဒီအရွယ်ယောကျာ်းတွေအတွက် သာမန်ပါပဲ ဟုတ်တယ်မလား"

ဒီလိုတွေးကတည်းက ရူးနေတဲ့ကောင်ပဲ။

တံ့ဘုန်းသစ် ချက်ချင်းတွေးမိသွား၏။
ကြည့်ရတာ ဒီလူဟာ ဟိန်းမင်းဇေကို အလုပ်သဘောအရတင် မဟုတ်ဘဲ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာအရမှာလည်း တော်တော်အကောင်းမြင်နေပုံရ၏။

"ငါက သူ့နောက်ကွယ်က အရှုပ်လေးတွေ နည်းနည်းပါးပါးကို လိုက်ရှင်းပေးရတဲ့လူပဲ။ သူ့နောက်မှာ အမြဲနေရတယ်။ သူ့လူယုံသဘောမျိုးပဲ။ အဲဒါ ငါ့အလုပ်ပဲ။ မင်းပြန်မလာခင်အထိပေါ့"

ဘာတစ်ခွန်းမှ ဝင်မထောက်ဘဲ တိတ်တိတ်လေး ဆက်ထိုင်နေတာမို့ စကားကို သူ့ဟာသူ ဆက်၏။

"မင်းပြန်လာတာကို သတင်းရရချင်းမှာပဲ ဟိန်းမင်းဇေက ငါ့ကိုခေါ်ပြီး မင်းက သူ့ညီကို သတ်တဲ့လူဆိုတဲ့အကြောင်း ပြောပြတယ်။ ငါ့ကို မင်းကို စောင့်ကြည့်နေဖို့ ပြောတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က မင်း တစ်သက်လုံး စိတ်ဆင်းရဲပြီး နေသွားဖို့ပဲ"

"အဲဒါကြောင့် ငါ့ဆီကို ပန်းစည်းတွေ ပို့နေတာလား"

"မင်းကို ဒဏ်ရာရအောင်လုပ်ဖို့၊ မင်းကို သတ်ဖို့ သူတစ်ခါမှ မခိုင်းခဲ့ဖူးဘူး။ အဲဒါကို မင်းဘာလို့ အခုလောက်ထိ လုပ်စရာလိုလဲ"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now