Chapter 17

1K 82 6
                                    

လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်

တံ့ဘုန်းသစ်

လူသားတိုင်းရဲ့ ကောင်းကင်မှာ အတိတ်တိမ်စိုင်တွေက ​မြောလွင့်နေကြတာပဲ။ ဟိုးခပ်ဝေးဝေးကို လှမ်းငေးကြည့်လိုက်ရင် လျှပ်တစ်ပြတ်ဖြစ်ဖြစ်၊ ပြက်ပြက် ထင်ထင် ဖြစ်ဖြစ်ပေါ်လာတတ်တဲ့ အဲဒီအတိတ်တိမ်စိုင်တွေဟာ ဖမ်းဆုပ်လို့မရ၊ အကြာကြီးငေးကြည့်ခွင့်လည်းမရှိ၊ မိုင်ပေါင်းထောင်သောင်းမကဝေးတဲ့နေရာမှာပဲ လေနဲ့အတူ မြောလွင့်နေတတ်တယ်။

တိမ်တွေက လူတွေနေတဲ့ ကမ္ဘာမြေရဲ့ ပေပေါင်း ၆၅၀၀အကွာမှာ အနိမ့်ဆုံးရှိတယ်တဲ့။ ဒီထက်ပိုဝေးရင်တော့မသိဘူးပေါ့။ တကယ်က တိမ်ဆိုတာ အစိုင်အခဲမဟုတ်တဲ့ ရေခိုးရေငွေ့ အစုအလုံးကြီးဆိုတာလူတိုင်း သိနေကြသလို ကျွန်တော်လည်းသိတာပါပဲ။ ဟုတ်ပါတယ်၊ အတိတ်ဆိုတာလည်း အချိန်တန်ရင် ပျောက်ကွယ်သွားရမယ့် ( လူတွေအပြောအရဆို မေ့ပစ်လိုက်သင့်တဲ့ ) တိမ်စိုင်တွေပါပဲ။

ဒါကို ဖြစ်ရိုးဖြစ်စဉ် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလို့ ပြောကြလေမလား။ ဒါဆိုရင်တောင် ဇာတ်ကောင်မင်းသားဟာ တံ့ဘုန်းသစ်မဟုတ်ခဲ့ဘူး။ အခုထိပါပဲ။ ကျွန်တော်ကသာ ကိုယ့်ဟာကိုယ် ခေါင်းဆောင်လုပ်မယ်ကွာဆိုပြီး လုပ်လိုက်ရင်လည်း ဒီဇာတ်လမ်းမျိုးက စာရေးဆရာ ချစ်ဉီးညိုရဲ့ လင်္ကာဒီပ ချစ်သူလို မင်းသားအသည်းကွဲတဲ့ ဇာတ်လမ်းမျိုးဖြစ်မှာ သေချာတယ်။

မဟုတ်ဘူး...တကယ်ကတော့ သုံးယောက် လုံးဟာ နှလုံးသားတွေ ဆုံးရှုံးခဲ့တာပါ။

နေရည်ပြောသလိုဆို " အတ္တကြီးတဲ့ ကျွန်တော်ဆိုတဲ့ လူတစ်ယောက်ကြောင့်"သုံးယောက်လုံးဟာ နှလုံးသားတွေ ဆုံးရှုံးခဲ့တာပါ။

" နေယံ....ငါ နေရည့်ကို ဖွင့်ပြောတော့မယ်"

ကောက်ခါငင်ကာပြောချလိုက်တဲ့ ကျွန်တော့်စကားကို နားမလည်သလို တစ်ချက်တွေဝေပြီးစဉ်းစားသွားတဲ့ နေယံပိုင့်မျက်နှာကို စိတ်လှုပ်ရှားမှုအပိုင်းအစတွေ မဖုံးကွယ်ဘဲ ကြည့်မိလိုက်ကတည်းက ကျွန်တော် နားလည်ဖို့ကောင်းတာ။ နေယံ့မျက်နှာကွက်ခနဲ ပျက်သွားတယ်။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Donde viven las historias. Descúbrelo ahora