Chapter 18

906 73 6
                                    

/ လက်ရှိအချိန် /

"ထ...ထပါဦး"

အိပ်ချင်မူးတူးနဲ့ ထလာသည့် သူ့ကို ကြည့်နေသည့် လင်းအရုဏ် မျက်လုံးတွေက ဝေဝါးလို့နေသည်။

"ကျွန်တော့်ကို ကူညီပေးပါ"

ဘာလို့ ပထမဆုံး အကူအညီတောင်းမိသူက သူဖြစ်နေပါလိမ့်။ အန်တီ့ကို အရင်ဆုံးပြေးပြောမိတာဆိုပေမဲ့ အထိတ်တလန့်နဲ့ အန်တီ ပြန်ညွှန်းပေးတဲ့လူက သူဖြစ်နေသည်။ ထိုအချိန်က ထူပူနေသည့် စိတ်ကြောင့်  အိမ်မှာ ရှိသည့်ကားသော့တွေအားလုံး သူ့ဆီမှာ အပ်ထားရတာကို လင်းအရုဏ်မေ့နေခဲ့၏။

"ဘာလဲကွ၊ ငါအိပ်နေတာကို..."

"ကား...ကားသော့လေး ခဏလောက် ငှားပေးလို့ရမလား။ ကျွန်တော့် သူငယ်ချင်း.. . ကျွန်တော့် သူငယ်ချင်း ဆေးရုံရောက်...နေလို့"

ရီဝေဝေဖြစ်နေသည့် သူ့မျက်လုံးထဲက မှုန်ဝါးဝါးနိုင်သည့် အငွေ့အသက်တွေ နည်းနည်းလေးသာ ပျောက်သွားသည်။ အသံတွေတောင် တုန်နေသည့် လင်းအရုဏ်နဲ့ ယှဉ်ရင်တော့ သူ့အမူအရာက တစ်သက်လုံး ဒါမျိုးတွေကို ကြုံနေရသည့် လူသတ်သမား တစ်ယောက်လို တည်ငြိမ်နေသည်။

လူသတ်သမား...ငါဘာတွေ တွေးနေမိပြန်ပြီလဲ။

သူက ခပ်ဖြည်းဖြည်းထကာ အံဆွဲထဲက ကားသော့တစ်ခုတော့ ထုတ်ပေးသည်။ သူ့ဟာသူ ဘယ်လို အမူအရာဖြစ်ဖြစ် ကိစ္စမရှိ၊ ဒီလောက် ကူညီပေးတာကတင် ကျေးဇူးတင်ဖို့ တော်တော်ကောင်းနေပါပြီ။

"စစ်နေကို မနိုးစေနဲ့၊ တံခါးသေချာပြန်ပိတ်သွား"

သူရဲ့ မှာတမ်းကြီးကို ပြီးအောင် နားမထောင်နိုင်ဘဲ ခေါင်းမြန်မြန်ညိတ်ပြကာ သော့ကိုဆွဲ၍ အခန်းထဲက ပြေးထွက်လာခဲ့သည်။
ဒီညဦးပိုင်းကတင် ခွန်းစျာန် မှာခဲ့သည့် စကားတွေ ခေါင်းထဲကို တရကြမ်းတိုးဝင်လာ၏။

"ငါမင်းကို အိမ်ကထွက်လာခွင့်ရအောင် ကူညီပေးခဲ့မိတာ နောင်တရတယ်၊ အရုဏ်။ ငါစိတ်ထဲလေးနေတာ တကယ်က ကြာပြီ"

ပြီးတော့ လင်းအရုဏ်ကိုယ်တိုင်က လေသံမာမာနဲ့ ပြန်ခံပြောခဲ့တာ...

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now