Part 2

7K 221 3
                                        

Unicode

မုန့်စားဆင်းချိန်ကိုရောက်လာတော့....

"ခြူးခေတ်မုန့်သွားစားမယ်လေ"

"အေး"

ခြူးခေတ်ထိုင်နေရာကနေထကာယဥ်ကျေးနဲ့လိုက်သွားဖို့ပြင်နေတုန်းသူ့ဘေးကစာထိုင်ဖတ်နေတဲ့ကျောင်းသားသစ်ကိုအကြည့်ရောက်သွားသည်။စစတွေ့ကတည်းကစကားပြောတာ တစ်ကြောင်းတောင်မပြည့် အင်း အဲ ပဲလုပ်နေတဲ့ အချေကိုယ်တော်ကို အခန်းထဲမှာတစ်ယောက်တည်း မချန်ထားခဲ့ချင်တာကြောင့်

"ဟေ့ အာဏာ ငါတို့နဲ့လိုက်မလား"

အာဏာမိုးမြင့်ကို သူတို့နဲ့အတူလိုက်မလားဟုမေးလိုက်သည်။

"မလိုက်ဘူး"

"လိုက်ခဲ့ပါ မင်းက အခုမှကျောင်းကို စရောက်တာလေသူငယ်ချင်းတွေမရှိသေးဘူး တစ်ယောက်တည်းနေတာပျင်းစရာကြီးကို လာ ငါတို့နဲ့လိုက်ခဲ့"

ခြူးခေတ်ကလည်း ဇွဲမလျှော့ဘဲ အာဏာမိုးမြင့်ရဲ့လက်ကိုဆွဲကာ အတင်းခေါ်နေတော့သည်။

အာဏာမိုးမြင့် သူ့လက်ကို အတင်းလာဆွဲတဲ့အကောင်ပေါက်ကြောင့် မျက်မှောင်ကြုတ်ကာ လက်ကိုရုန်းလိုက်ပြီး

"ငါမလိုက်ဘူးလို့ ပြောနေတယ်လေ"

"ပြီးရော စေတနာနဲ့ခေါ်တာကို အဲ့မှာအငတ်နေနေလိုက် ...."

ခြူးခေတ်သွင်လည်း ခေါ်လို့မရတဲ့အပြင် အအော်ပါခံလိုက်ရတာကြောင့် စိတ်ဆိုးကာ ဆက်ခေါ်မနေတော့ဘဲ ယဥ်ကျေးတို့နှင့် အတူလိုက်သွားတော့သည်။

အာဏာမိုးမြင့်ကတော့ သူ့ကိုပြောပြီး နှုတ်ခမ်းဆူကာထွက်သွားတဲ့ကောင်လေးကို ကြည့်နေမိသည် စိတ်ဆိုးသွားတာများလား။ သူ့အသားကို တစ်ခြားသူလာထိတာ သိပ်မကြိုက်တာကြောင့် အော်လိုက်မိခြင်း ဖြစ်သည်။

ခနနေတော့ ခြူးခေတ်သွင်တစ်ယောက် မုန့်ထုတ်တွေနဲ့အတူ အတန်းထဲကိုပြန်၀င်လာသည်။

နေရာမှာထိုင်ကာ အာဏာမိုးမြင့်ရဲ့ရှေ့တွင်မုန့်တွေတစ်မျိုးပြီး တစ်မျိုးထိုင်ကာစားပြနေတော့သည်။

ခြူးခေတ်သွင်မုန့်တွေစားပြနေတာတောင် ဘယ်လိုမှမနေဘဲ မလှုပ်မယှက်စာအုပ်ကိုသာကြည့်နေတဲ့အာဏာမိုးမြင့်ကြောင့်

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now