part 24

2.9K 99 2
                                    

Unicode

"သားကို မွေးတဲ့နေ့မှာ မေမေကလည်း အလုပ်ကိစ္စနဲ့မြို့ကြီးကို သွားနေရတာကြောင့် သားရဲ့အမေက အိမ်မှာတစ်ယောက်တည်းရှိနေခဲ့တာ တကယ်ဆို မေမေ မသွားခဲ့သင့်ဘူး သူ့နားမှာပဲနေနေခဲ့သင့်တာ အဲ့နေ့က အိမ်မှာသူတစ်ယောက်တည်း ဖြစ်နေတော့ အဖော်အနေနဲ့ အမရီကို အကူညီတောင်းပြီး အိမ်မှာသွားနေခိုင်းခဲ့တာ အမရီကလည်း သူစားချင်တယ်ဆိုတဲ့ မုန့်ကိုခနထွက်ပြီးသွား၀ယ်ပေးနေတာတဲ့ သူအိမ်ကို ပြန်ရောက်တော့ ကလေးမွေးချင်နေပြီး ရေမွှာတောင်ပေါက်နေပြီ ဖြစ်တဲ့ မင်းအမေကို တွေ့တွေ့ချင်းပဲ သူအမြန်ဆေးရုံကို ပို့ပေးခဲ့တယ်တဲ့ မေမေလည်း သိသိချင်း အလုပ်တွေထားခဲ့ပြီး ဆေးရုံကိုလိုက်လာခဲ့ပေမဲ့ အဲ့ရောက်တော့ မင်းကိုမွေးပြီးသိပ်မကြာခင်မှာဘဲ မင်းအမေမီးတွင်းထဲမှာပဲဆုံးသွားပြီဆိုတဲ့သတင်းကြားခဲ့ရတာပဲခြူးခေတ် "

ပြောပြီးတော့ အသံတိတ်ငိုနေတဲ့မေမေ့ကိုသူဖက်ကာနှစ်သိမ့်မိသည်။

"မငိုပါနဲ့ မေမေ တကယ်ဆို သားမမေးခဲ့သင့်ဘူးအခုတော့မေမေ့ကို၀မ်းနည်းစေပြီ"

"မဟုတ်တာ သားလည်းသိချင်မှာပဲကို မေမေတိမ်းချန်ခဲ့တဲ့အကြောင်းတွေကို"

သူမဒီအကြောင်းတွေကိုတစ်ခါမှမပြောပြခဲ့ဖူးဘူးသူပြောခဲ့တာက အမေရင်းမဟုတ်ကြောင်းကိုသာပြောပြခဲ့ပြီးဖြိုးရဲ့အကြောင်းတစွန်းတစကိုသာပြောပြခဲ့သည်။သူ့ရဲ့သားကသူ့အဖေအကြောင်းကိုမမေးခဲ့တာကိုပင်ကျေးဇူးတင်မိသည်။

"ညည့်နက်နေပြီ မေမေတို့အပြင်မှာဘာလုပ်နေကြတာလဲမ၀င်ကြသေးဘူးလား"

သူတို့သားမိအပြင်မှာနေနေကြတာကြာနေပြီဖြစ်တာကြောင့်ရိပ်နေပါခြံထဲဆင်းလာတော့သည်။

"အင်း ၀င်ကြမယ်အပြင်အေးလာပြီ"

"ဟုတ်"

မေမေကရှေ့ကနေအရင်ဆုံး၀င်သွားပြီးသူနဲ့ရိပ်နေကတော့နောက်ကနေလိုက်လာခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

ညက စာရေးနေရင်းနဲ့ညည့်နက်သွားတာကြောင့် ခြူးခေတ် ကတော့ မထဘဲအိပ်နေသည်။ ရိပ်နေ ကတော့ကျောင်းကိုသွားပြီဖြစ်ပြီး ခြူးခေတ်အမေကလည်း ဆိုင်မှာ သူ့တပည့်မလေးတွေနဲ့ အလုပ်ရှုပ်နေတော့သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now