Unicode
"အာဏာ လက်ကိုလွှတ်အုံး"
သူ့ရဲ့လက်ကို တင်းတင်းဆွဲကာ အမြန်လျှောက်နေတဲ့အာဏာမိုးမြင့်ကိုသူပြောလိုက်တော့မှသွားနေရာကနေ ရပ်ကာသူ့ရဲ့ဘက်ကိုလှည့်လာသည်။
"စာရေးဆရာလေး ကျွန်တော်တို့တွေ့ဖူးကြတယ်မလား"
သူ့ရဲ့ မျက်နှာနားကိုကပ်လာကာ အာဏာမိုးမြင့်ကပြောလာသည်။
"မမှတ်မိတာလား"
ထိုသို့ ပြောရင်း သူ့နားကို ပိုတိုးကာကပ်လာတာကြောင့်သူ နောက်ကိုဆုတ် လိုက်တော့ သူ့နောက်မှာရပ်ထားတဲ့ကားတစ်စီးကိုမှီမိလိုက်သည်။ သူ့ရဲ့အခုအခြေနေကကားနဲ့အာဏာမိုးမြင့်ကြားမှာပိတ်မိနေပြီဖြစ်သည်။
"ဒါဆို မှတ်မိလာအောင်လုပ်ပေးရတော့မှာပေါ့"
သူ့မျက်နှာနားကို ပိုတိုးကာကပ်လာတဲ့အာဏာမိုးမြင့်ကြောင့်
"အာဏာမိုးမြင့် စနောက်မနေနဲ့တော့"
"ဒါဆို ဘာလို့အစတည်းက ကိုယ့်ကိုမသိချင်ယောင်ဆောင်နေလဲ"
"...."
"လာ ကားပေါ်တက် ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"
"ရတယ် ငါ့ဘာသာတက်စီငှားပြန်မယ်"
"မရဘူးလာ တက်"
"မတက်ဘူးလို့"
မတက်ဘူးလို့ အတင်းငြင်းနေတဲ့သူကို ကားတံခါးဖွင့်ကာ ကားထဲကို အာဏာမိုးမြင့်အတင်း၀င်ခိုင်းတော့သည်။ ကားပေါ်ရောက်ပြီး ကားစထွက်တဲ့အချိန်ထိသူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုသာကြီးစိုးနေသည်။ ခြူးခေတ်သွင်ကကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကြည့်နေပြီး အာဏာမိုးမြင့်ကတော့ကားမောင်းရင်းတစ်ချက်တစ်ချက်ခြူးခေတ်သွင်ကိုလှည့်ကြည့်နေသည်။
တခြားသူတွေဆို မတွေ့ရတာကြာတဲ့သူငယ်ချင်း ဒါမှမဟုတ်ချစ်သူကို ပြန်တွေ့တဲ့အခါ ကြရင်ပြောစရာစကားတွေမကုန်မခန်းနိုင်အောင် ရှိကောင်းရှိနေနိုင်ပေမဲ့ ခြူးခေတ်သွင်အတွက်ကတော့ ဘယ်ကနေဘယ်လို စပြောရမှန်းမသိအောင်ကို အူကြောင်ကြောင်နိုင်လှသည်။ ထို့ကြောင့် သူဘာမှမပြော ကားပြတင်းအပြင်ဘက်ကိုသာ ငေးကြည့်နေမိသည်။
![](https://img.wattpad.com/cover/276658788-288-k189283.jpg)
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...