Unicode
"အမေ ဒါက သားချစ်သူ အာဏာမိုးမြင့် "
သူ့ဘေးတွင်ရပ်နေတဲ့ အာဏာရဲ့ လက်ကို ဆွဲကာအမေ့ကိုမိတ်ဆက်ပေးလိုက်တော့ အာဏာက သူ့ကို အပြုံးလေးနဲ့ကြည့်ပြီး ဦးခေါင်းထက်က ဆံသားလေးတွေကိုအသာပွတ်သပ်လိုက်ကာ
"ပထမဆုံးလာ နှုတ်ဆက်ခြင်းပါ အမေ ဒီလိုချစ်ဖို့ကောင်းတဲ့ ကောင်လေးကို ကျွန်တော့်အတွက် မွေးဖွားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "
ခြူးခေတ်နဲ့ အာဏာ စကားပြောကာ နှုတ်ဆက်ပြီးသွားသည်အထိ ဦးမိုးမြင့်မားက ဘေးတွင်သာ ဆိတ်ဆိတ်နေ၍ ရပ်နေခဲ့သည်။
"ခေတ်ပြန်ကြတော့မလား "
"အင်း ဒယ်ဒီပြန်ကြမယ်လေ "
ခြူးခေတ်သွင် ဦးမိုးမြင့်မားဘက်ကို လှည့်ကာပြောတော့
"သားတို့အရင်ပြန်နှင့်ပါ ဒယ်ဒီခနနေအုံးမယ်"
"ဟုတ် "
သူတို့လည်း ဒယ်ဒီကိုထားခဲ့ကာ ထိုနေရာကနေပြန်လာကြတော့သည်။ အခုဆိုမေမေကလည်း မကန်ကွက်တော့သလို သူကိုယ်တိုင်က ဦးမိုးမြင့်မားကိုဒယ်ဒီလို့ခေါ်နေပြီဖြစ်သည်။ အခုလည်းသူ့တို့မပြန်ခင်ဒယ်ဒီရယ် အာဏာနဲ့အတူအမေ့ကိုလာနှုတ်ဆက်ကြခြင်းဖြစ်သည်။
"ခေတ်ဘယ်သွားချင်လဲ ဒီနေ့ကိုယ် အားတယ်သွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ပေးမယ်"
လွန်ခဲ့တဲ့ရက်တွေက ရိုက်ကူးရေးကိစ္စတွေ အပြတ်ဖြတ်နေရတာကြောင့် သူတို့ သိပ်မလည်ပတ်ဖြစ်ကြ အခုတော့ကိစ္စတွေပြီးပြီဆိုတော့ ဒီမြို့လေးကနေ မပြန်ခင်ချစ်သူလေးနဲ့အေးဆေးချိန်းတွေ့လို့ရပြီဖြစ်သည်။
"အင်း ဒါဆို ငါတို့ကျောင်းက ဘောလုံးကွင်းကိုပဲသွားကြမလား "
"ကောင်းပြီ သွားကြမယ်"
သူကားမောင်းကာ ထိုနေရာကို တစ်ခါတည်းသွားရန်ပြင်လိုက်တော့
"ကားနဲ့မသွားဘူး စက်ဘီးနဲ့သွားမယ်လေ ကျောင်းတုန်းကပိတ်ရက်ဆို အဲ့လိုသွားနေကြလေ"
"အင်း ဒါဆို စက်ဘီးပြန်ယူကြတာပေါ့"
"Ok"
လက်ညိုးလေးနဲ့လက်မကို အသုံးပြုပြီး okဟုပြောကာမျက်လုံးလေး တစ်ဖက်ပါ မှိတ်ပြလာတာကြောင့် သူအသည်းယားကာ နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်ပြီး အိမ်သို့ စက်ဘီးပြန်ယူရန် မောင်းလိုက်တော့သည်။
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...