Unicode
"ခေတ်"
"ဘာလဲ"
"ကိုယ့်ကိုထားခဲ့တော့မလို့လား"
အခန်းထဲတွင် အ၀တ်စားတွေထည့်နေတဲ့ ခြူးခေတ်သွင်အနားမှာ အာဏာမိုးမြင့် မျက်နှာငယ်လေးနဲ့ ထိုင်ကာပြောနေသည်။ သူသုံးရက်လောက်လေး မေမေ့ဆီပြန်မဲ့ဟာကို အတင်းလိုက်ကပ်ကာ မပြန်ဖို့ပြောနေသည့်အာဏာကိုကြည့်ကာ ဒါကြီးလား ဟိုနေ့က ရိုက်ကွင်းမှာ ရှိသမျှလူကို မျက်နှာထားတင်းတင်းနဲ့ ဆူဟောက်နေတဲ့ ဒါရိုက်တာကိုဂျီးများဆိုတာ ဒါလား ဗီဒီယိုဖြစ်ဖြစ်ရိုက်ပြီး လူတကာလိုက်ပြချင်သေးသည်။
"ငါသုံးရက်လေးသွားမှာပါအာဏာရယ်"
"သုံးရက်က ကိုယ့်အတွက်တော့သုံးနှစ်လိုပဲလေ"
"ပိုရန်ကော"
"နောက်မှ သွားလို့မရဘူးလား"
"မရဘူး ဒီသုံးရက်အတွင်း ချိုသဲကို မင်းအိမ်မှာခေါ်ထား ငါ့သမီးကို အစားသေချာကျွေးနော်"
"အင်းပါ"
အာဏာမိုးမြင့် ကြောင်မလေးကို ချီထားကာအခန်း၀နားမှာရပ်နေသည်။
"အာဏာ ဒီကိုကြည့်"
ခြူးခေတ်သွင် သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။ မျက်နှာမသာမယာနဲ့ ချိုသဲကိုပွေ့ထားတဲ့ပုံကတကယ်ကိုချစ်စရာကြီးပင်
"နှစ်ယောက်တူတူရိုက်မယ်"
"အင်း"
ခြူးခေတ်သွင်က အာဏာမိုးမြင့်အနားမှာ သွားရပ်ကာ selfieရိုက်ဖို့အတွက် ကင်မရာကို သေချာချိန်လိုက်ပြီးရိုက်မယ့်အချိန်မှာ အာဏာမိုးမြင့်က ခြူးခေတ်သွင်ရဲ့ပါးကိုနမ်းလိုက်တာကြောင့် ပုံလေးထဲတွင် အာဏာကသူ့ကိုနမ်းနေတာကို အသေချာလှလှပပကို ရိုက်မိသွားတော့သည်။
"ဘာလုပ်တာလဲ ပုံရိုက်မယ်ဆိုငြိမ်ငြိမ်မနေဘူး"
ခြူးခေတ်သွင်က ထိုပုံလေးကို ကြည့်ကာပြုံးနေရင်းနဲ့ဆိုလိုက်သည်။
"နမ်းချင်လာလို့လေ "
"သွားတော့မယ် မဟုတ်ရင် ကားလွတ်သွားလိမ့်မယ်"
![](https://img.wattpad.com/cover/276658788-288-k189283.jpg)
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...