Unicode
မိုးမခစံအိမ်တွင်...
"မြေးလေးပြန်လာပြီလား"
အာဏာမိုးမြင့်ကျောင်းကနေပြန်ရောက်တော့အနားယူရန် သူ့အခန်းရှိရာကိုတက်တော့မည့်အချိန်တွင်စာကြည့်ခန်းထဲကနေ ထွက်လာတဲ့ အဖိုးရဲ့ မေးမြန်းသံကြားလိုက်ရတာကြောင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ဖိုးဖိုး"
"ကျောင်းမှာ အဆင်ပြေရဲ့လား "
"ဟုတ်"
"အေး အေး ဒါဆိုနားတော့လေ ခနနေ ဂိုက်ဆရာလာတော့မှာမလား"
"ဟုတ်"
သူ့ကို ပြန်ဖြေပြီး အပေါ်ထပ်ကိုတက်သွားတဲ့မြေးဖြစ်သူအာဏာမိုးမြင့်ကို ဦးမိုးလွင်ကြည့်ကာသက်ပြင်းလေးချမိသည်။
အမြဲတမ်း တိတ်တဆိတ်နဲ့စကားနည်းတဲ့မြေးဖြစ်သူကိုသူအားမရ အရယ်အပြုံးနည်းကာ တစ်ကိုယ်တည်းနေနေတက်သည်။ ဒီအရွယ်ဆိုတာအပေါင်းသင်းတွေနဲ့ပျော်ပါးကာ နေနေရမဲ့အရွယ်မဟုတ်လား အခုကျတော့အပေါင်းသင်းလည်းမရှိ တစ်ယောက်တည်းသာနေနေတက်သည်။ ပတ်၀န်းကျင်အသစ် နေရာအသစ်မှာတော့ အပြောင်းအလဲလေးဖြစ်လာဖို့ကို သူမျှော်လင့်မိပါသည်။အာဏာမိုးမြင့် သူ့ရဲ့အခန်းထဲရောက်တော့ စာရေးစာပွဲတွင် ထိုင်လိုက်ကာ လွယ်အိတ်ထဲကစာအုပ်တွေကိုထုတ်ရင်းနဲ့ အိတ်ထဲကနေမုန့်ခွံတွေထွက်ကျလာသည်။
နေ့လည်က ခြူးခေတ်သွင် ခိုးစားထားတဲ့မုန့်ခွံတွေ သူ့အိတ်ထဲကို ဒီကောင်လေးအမှိုက်တွေလာထည့်ပြန်ပြီထိုကောင်လေးက သူ့အတွက်ထူးခြားသည်။သူအရင်တက်ခဲ့ကိုယ်ပိုင်ကျောင်းမှာဆို သူ့ကိုခြူးခေတ်သွင်လိုမျိုး ဂရုတစိုက်ခေါ်ပြော နှောက်ယှက်ရဲမည့် သူမရှိ သူကလည်း ခပ်တည်တည်ဖြင့် တစ်ယောက်တည်းသာ အမြဲနေတက်တာကြောင့် အပေါင်းသင်း သူငယ်ချင်းသိပ်မရှိ အနားကပ်လာတဲ့သူတွေကလည်း အမြဲတမ်းသူ့ဆီကနေတစ်ခုခုလိုချင်လို့ ဒီလို မုန့်ကျွေးဖို့ဆို ၀ေလာ၀ေး သူ့ဆီကနေပဲ လိုချင်နေကြတဲ့သူတွေချည်း သူ့ရှေ့ဆိုမြှောက်ပင့်ကာ ပြောဆိုကြပြီး ကွယ်ရာဆိုမကောင်းပြောတက်ကြသေးသည်။ သူ့ကိုပြန်အော်ပြီး ရန်တွေ့တဲ့သူမရှိ အမြဲအပြုံးတွေနဲ့အချိုလာသတ် သူတွေချည်းသာရှိသည်။
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...