Unicode
"အားးးရှုံးပြန်ပြီ"
ခြူးခေတ်သွင်တစ်ယောက် အာဏာမိုးမြင့်နဲ့ gameအတူတူ ပြိုင်ဆော့နေတာ ဒီတစ်ခါနဲ့ဆို ငါးကြိမ်မြောက်ရှုံးခြင်းဖြစ်သည်။
"အာဏာ ငါ့ကိုသက်ညှာပေးပါ"
အာဏာမိုးမြင့်ကတော့ ပြန်မဖြေ ခြူးခေတ်သွင်ကို နဖူးတောက်ရန်အတွက် သွေးပူလေ့ကျင့်ခန်းလေးတောင်လုပ်နေသေးသည်။
"အာဏာ နဖူးလေးတောက်ဖို့ကို အဲ့လောက်လုပ်ပြနေစရာလိုလို့လား"
"ဒီနားလာခဲ့ ခေတ်"
အာဏာမိုးမြင့်နားကို မျက်နှာလေးမဲ့ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ သွားရတော့သည်။jujuနဲ့ဆော့နေတုန်း အာဏာမိုးမြင့်လာခေါ်တာကြောင့် ခေါ်ရာနောက်ကို လိုက်လာတော့ သူ့ရဲ့အခန်းထဲကစာအုပ်စင်ကြီးရဲ့နောက်က game roomဆီကိုဖြစ်နေသည်။ သူအထဲကို ရောက်ရောက်ခြင်း သူအရင်ကသူ့မွေးနေ့ဆို မေမေလိုက်ပို့ပေးတဲ့ စျေး၀ယ်စင်တာကြီးမှာရှိတဲ့ happy zoneကို ရောက်သွားသလိုတောင် ခံစားရသည်။ တောင်းဆိုသမျှအကုန် လိုက်ရောပေးတက်တဲ့အဖိုးရှိတာ ကံကောင်းလိုက်တာ အားတောင်ကျမိသည်။ သူ့တို့နှစ်ယောက် အတူကားမောင်းတဲ့ဂိမ်းပြိုင်ကျတော့ အစကခြူးခေတ်သွင်ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာဖြင့် အလောင်းအစားလုပ်မိသည်။ ယဥ်ကျေးနဲ့ဆို အမြဲသူနိုင်တက်တာကြောင့် အခုလည်းနိုင်မယ်ထင်ခဲ့ပေမဲ့ အခုတော့ မနိုင်တဲ့အပြင် ငါးကြိမ်ဆော့တာ ငါးကြိမ်လုံးအရှုံးနဲ့ရင်ဆိုင်လိုက်ရသည်။
"အာဏာ ဖြေးဖြေးလုပ်နော်"
မျက်လုံးကို မှိတ်ထားရင်းဆိုလာသည်။
အာဏာမိုးမြင့်လည်း နဖူးတောက်ဖို့ ဟန်ပြင်တော့ ခြူးခေတ်သွင်က မျက်လုံးကိုတင်းတင်း မှိတ်ထားကာ ဂနာမငြိမ်ဖြစ်နေသည်။ ထိုသို့ဖြစ်နေတာကို အာဏာမိုးမြင့်ကတော့ ကြည့်ကာသဘောတကျရယ်နေမိသည်။
'ချစ်ဖို့ကောင်းလိုက်တာ'
ထိုသို့ဆိုရင်း နဖူးမတောက်တော့ဘဲ ခြူးခေတ်သွင်ရဲ့ပါးဖောင်းဖောင်းလေးကို လက်နှစ်ဖက်ဖြင့်ဆွဲဖြစ်လိုက်တော့သည်။
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...
