Part 14

3.1K 123 22
                                    

Unicode

အချိန်တွေတဖြေးဖြေးနဲ့ ကုန်ဆုံးလာခဲ့တာ ခြူးခေတ်သွင်တို့ ဆယ်တန်းစာမေးပွဲကြီးဖြေဆိုနေတာနောက်ဆုံးရက်ကိုပင် ရောက်လို့လာပြီဖြစ်သည်။

"ခြူးခေတ်သေချာဖြေနော် ပျာတီးပျာယာတွေ မလုပ်နဲ့လက်ရေးကို သေချာရေး ခုံနံပါတ်ကို သေချာတပ်နော် မဖြေခင် ဘုရားလည်းရှိခိုးအုံး အော် ငါမေ့နေတာ ရိပ်လေးရေ မေမေ့ကို မင်းအစ်ကို အတွက်ပြင်ထားတဲ့ ပရိတ်ရည်လေးယူခဲ့အုံး"

ဒေါ်မေသရဖီက လှမ်းပြောလိုက်ပေမဲ့ အိမ်ထဲကရိပ်နေက မကြားတဲ့ပုံပေါ်တာကြောင့်

"ဒီကောင်လေးမကြားဘူး ထင်တယ်ငါပဲသွားတော့မယ် "

အိမ်ထဲကို ခပ်သွက်သွက်၀င်သွားကာ ပရိတ်ရေဘူးသွားယူတော့သည်။ဒါတွေက ခြူးခေတ်သွင် စာမေးပွဲဖြေနေတဲ့ရက်တွေမှာမေမေ မှာနေကြ လုပ်နေကြတွေပင်

ခြံထဲက ဒန်းလေးပေါ်မှာ သူထိုင်နေပြီး သူ့ရဲ့ဘေးမှာတော့ အာဏာမိုးမြင့်ကထိုင်နေသည်။ ခြူးခေတ်ကသာ စာအုပ်ကိုလက်ကမချ ပြန်ပြန်ကြည့်နေ ကျက်နေပေမဲ့ အာဏာမိုးမြင့်ကတော့  စာတောင်ပြန်မနွေး အေးဆေးသာထိုင်နေသည်။

"ခေတ်"

"အင်း"

"မင်း ဘာရေမွှေးသုံးလဲ"

"ငါလား ရေမွှေးမသုံးပါဘူး"

"ဟုတ်လား ငါမင်းရဲ့အနားကပ်တိုင်း အမြဲအမွှေးရနံ့လေးရတယ်"

အာဏာမိုးမြင့်က ခြူးခေတ်လည်ပင်းနားထိ ကပ်ကာအနံ့ခံရင်း ပြောလာတာကြောင့် အရမ်းနီးကပ်သွားတဲ့ အခြေနေ ဖြစ်နေသည်။ ခြူးခေတ်သွင်တစ်ယောက် သူ့ရဲ့ရင်ဘက်ထဲက အကောင်က အားရပါးရခုန်ပေါက်လာတာကြောင့် တဖက်ကိုကွာလိုက်သည်။

"ဟိုပန်းရနံ့နဲ့ ဆင်တူတယ်"

သူတို့ထိုင်နေတဲ့ မလှမ်းမကမ်းက စံပယ်ပန်းတွေလှိုင်လှိုင်ပွင့်နေတဲ့ စံပယ်ရုံကို လက်ညိုးထိုးပြရင်းဆိုလာသည်။

"အဲ့တာစံပယ်ပန်းလေ ငါအရမ်းကြိုက်တဲ့ပန်း"

သူငယ်ငယ်တည်းက စံပယ်ပန်းကိုအရမ်းကြိုက်တာကြောင့် ခြံထဲမှာရှိတဲ့ စံပယ်ပင်တွေအပွင့်ပွင့်ရင် သူလိုက်ခူးသည်။ ခူးပြီးတဲ့စံပယ်တွေကို ဘုရားမှာ တစ်၀က်အရင်လှူတယ် ပြီးရင်တော့ သူ့အခန်းထဲမှာ နေရာအနံ့လိုက်ထားသည်။ အဲ့ဒီ အကျင့်က ငယ်တည်းကနေ အခုထိဖြစ်နေတာကြောင့် သူ့အခန်းနဲ့ သူ့အ၀တ်စားတွေမှာစံပယ်ပန်းရနံ့တွေ စွဲနေတက်သည်။ သူသုံးတဲ့ဆပ်ပြာနဲ့ပေါင်ဒါကလည်း စံပယ်ရနံဆိုတော့ သူ့ခန္ဓာကိုယ်မှာပါအဲ့ရနံ့ကစွဲနေသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now