Part 26

3.1K 107 0
                                    

Unicode

အာဏာမိုးမြင့် ခြူးခေတ်သွင်ရဲ့အနောက်ကိုအမြန်ပြေးလိုက်ရသည်။ တော်သေးသည် ခေတ်က တော်တော်၀ေး၀ေးကိုမရောက်သေးဘဲ အေးဆေးလမ်းလေးလျှောက်ကာလှုပ်တုပ်လှုပ်တုပ်နဲ့သွားနေတာကြောင့် သူအမြန်ပြေးသွားကာ ခေတ်ရဲ့လက်ကိုလှမ်းကာဆွဲလိုက်ရင်း

"ခေတ်"

"ဟင် အာဏာဘာလို့လဲ"

"အထင်မလွဲပါနဲ့ ကိုယ်နဲ့မေမီနဲ့က နိုင်ငံခြားမှာကျောင်းတက်တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတွေပါ"

"အော်"

"တကယ်ပါယုံပါ"

"ငါ မင်းကိုယုံပါတယ် "

ယုံတယ်လို့ပြောနေတဲ့ ကောင်လေးရဲ့မျက်နှာထားကခပ်တင်းတင်းရယ်

"မေမီက ကိုယ့်ကိုရိုးရိုးသားသားခင်တာပါ အခုက သူ့ရဲ့အဖေက ဟိုမှာ သူ့ကိုအတင်းလက်ထပ်ခိုင်းနေလို့ထွက်ပြေးရင်းနဲ့ ဒီကိုရောက်နေတာ"

သူကထွက်ပြေးနေတာလား ဒါမဟုတ်မင်းနောက်ကိုလိုက်လာတာလား ဒါကိုတော့သူမပြောဖြစ်

"အော် လရောင်တေးပြောတာတော့ ဟိုမှာတုန်းကလည်းခန ခန မင်းဆီလာလာတွေ့နေကြတဲ့  သူတို့တွေ အကုန် လုံးကသူ့နဲ့မင်းကို.... ထားလိုက်တော့ "

ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့သူအာဏာနဲ့ပြသနာမတက်ချင်ဘူး ဒါကြောင့် သူစိတ်လျော့လိုက်တယ် အေးလေသူငယ်ချင်းတွေဆိုတော့ သူငယ်ချင်းတွေပေါ့ မိန်းကလေးသူငယ်ချင်းဆိုတာက သူ့မှာလည်းရှိတာပဲလေ
ထွက်ပြေးလာတဲ့ ဒုက္ခသည်ကိုလည်း နားလည်ပေးလိုက်တော့မည်။

"ခေတ် မင်းမကြိုက်ရင် ကိုယ်သူနဲ့၀ေး၀ေးနေပါ့မယ်မျက်နှာကြီးအဲ့လိုမလုပ်ထားပါနဲ "

မပြုံးဘဲခပ်တင်းတင်းဖြစ်နေသေးတဲ့မျက်နှာလေးကိုလက်ဖက်နှစ်ဖက်ဖြင့် အုပ်မိုးကာ သူ့ကိုကြည့်စေပြီးပြောလိုက်တော့ မပြုံးချင်ပြုံးချင်နဲ့ပြုံးပြလာသည်။

"ရပြီလား"

လုပ်ပြတဲ့ ပုံလေးကို အသည်းယားလာတာကြောင့် ပါးဖောင်းဖောင်းလေးကိုလက်ဖြင့် ညစ်ကာ မော့စေပြီးဆူထော်လာတဲ့ နှုတ်ခမ်းလေးကိုတစ်ချက်ဆွဲစုပ်ကာနမ်းလိုက်သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now