part 6

4K 175 30
                                    

Unicode

"ရော့"

မုန့်စျေးတန်းမှာ ခြူးခေတ်သွင်ထိုင်နေတုန်း သူ့ရဲ့ရှေ့ကခုံပေါ်ကို အာဏာမိုးမြင့်က အထုတ် တစ်ထုတ် တင်ကာပြောလာသည်။

"ဘာတွေလဲ "

"မင်းအတွက် မုန့်လေ"

"ထပ်ရလာပြန်ပြီလား"

ကျောင်းမှာ အာဏာမိုးမြင့်က တဖြည်းဖြည်းနာမည်ကြီးလာသည်။ စာလည်းတော် ရုပ်လည်းချောပြီး အရမ်းလည်းချေတက်သည်။ အဲ့လိုချေတာကိုမှ သဘောကျတယ် ဆိုတဲ့သူတွေတောင်ရှိသေးသည်။ သူ့လို ရုပ်လေးလည်း ချော သဘောလည်းကောင်းတဲ့ ကောင်လေးကို ကျော်ပြီးတော့လေ တခြားအတန်းက ကောင်မလေးတွေက မုန့်တွေ စာတွေ လာလာပေးတက်သည်။ တခါတလေ စားပွဲပေါ်မှာ လာလာထားသွားတက်သည်။
လက်ဆောင်တွေဆို အာဏာမိုးမြင့်ကပြန်ပေးရင်ပေး မပေးရင် လွှတ်ပစ်ပေမဲ့ မုန့်တွေကြတော့ ခြူးခေတ်သွင်ကနှမြောတာကြောင့် သူကယူစားသည်။

"မဟုတ်ဘူး ငါ၀ယ်လာတာ"

အာဏာမိုးမြင့်က ခြူးခေတ်ရဲ့ ဘေးမှာ ၀င်ထိုင်ကာဖြေလိုက်သည်။

"အများကြီးပဲ မင်းတစ်ဆိုင်လုံးမလာတာလား"

"အိမ်က ပိုတာတွေပါ ယူလာတာ စားမယ့် သူမရှိလို့"

"အော် ဒါဆို အတန်းထဲကသူတွေကိုလည်း ၀ေပေးရမယ်"

"မ၀ေနဲ့ မင်းပဲစားလေ"

သူ့တစ်ယောက်တည်းကို စားစေချင်လို့ သူက ဦးလွင်ကို ၀ယ်ခိုင်းခဲ့တာကို သင်းလေးက အကုန်လုံးကိုတောင်၀ေပေးချင်နေသေးတယ်။

"ငါမှမကုန်တာ"

"နောက်နေ့တွေလည်း သိမ်းထားပြီးစားလို့ရတယ်လေ"

"အေးလေ ခြူးခေတ်ကလည်း ငါ့ကိုတော့ကျွေးနော်"

ယဥ်ကျေးက ၀င်ပြောလာသည် အာဏာမိုးမြင့်ကတော့သူ့ကို စိုက်ကြည့်နေတာသူမသိ

'ငါဘာလို့ချမ်းနေသလိုခံစားနေရပါလိမ့်'

ယဥ်ကျေးသူ့ကိုယ်သူဖက်ကာပြောလိုက်သည်။

"အာဏာ ငါဒီမှာထိုင်လို့ရမလား"

သူတို့ ထိုင်နေတဲ့နေရာကို မိန်းကလေးတစ်ယောက်ရောက်လာကာပြောလာသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now