part5

4.2K 197 14
                                    

Unicode

အဘိုးဖြစ်သူနဲ့အတူ အာဏာမိုးမြင့် စပျစ်ခြံသို့လိုက်လာခဲ့သည်။စာသင်ပေးမဲ့ဂိုက်ဆရာကလည်း ခွင့်ယူသွားတာကြောင့်အဖိုးက သူနဲ့အတူလိုက်လာခဲ့ရန်ခေါ်ခြင်း သူကလည်းငြင်း၍မရသောကြောင့်လိုက်လာခဲ့ရသည်။အလုပ်ကိစ္စ ဆွေးနွေးနေကြတာကြောင့်သူလည်းပျင်းလာတာနဲ့လျှောက်ကြည့်ရန်လစ်ထွက်လာခဲ့သည်။

"ကလေးလေး မကြောက်နဲ့ လာ လာ"

"ညောင်"

"ခနလေး"

ခြူးခေတ်သွင် တစ်ယောက် သစ်ပင်ပေါ်ကနေ ပြန်မဆင်းတက်ဘဲ ဖြစ်နေတဲ့ ကြောင်လေးကို ကူညီပေးနေခြင်းဖြစ်သည်။ သူလည်း ထိုသစ်ပင်အမြင့်ကို မမှီတာကြောင့် အနီးနားက သစ်သားခုံလေးကိုယူကာတက်လိုက်ပြီး ကြောင်လေးကို ခေါ်လိုက်ရာ ခုံပေါ်ကနေ ခြေချော်ပြီး ကြောင်လေးရော သူရော ပြုတ်ကျသွားတော့သည်။
ခြူးခေတ်သွင် ပြုတ်ကျသွားတာကြောင့် သူနာတော့မည်ဟုထင်လိုက်ပြီး မျက်လုံးကိုတင်းတင်းမှိတ်ထားလိုက်မိသည်။ထင်ထားခဲ့သလို မနာဘဲ နူးညံ့ပြီးသက်တောင့်သက်သာတောင်ဖြစ်နေသေးသည်။

"မင်း မထတော့ဘူးလား"

"ဟင်"

"မင်း ငါ့ပေါ်အဲ့တိုင်းပဲ နေနေမှာလား"

အာဏာမိုးမြင့် အနီးနားမှာ လျှောက်ကြည့်နေရင်းသစ်ပင်ပေါ်က ကြောင်လေးကို အောက်ကိုချပေးဖို့ကြိုးစားနေတဲ့ ခြူးခေတ်သွင်ကို တွေ့လိုက်ရသည်။
သူကြည့်နေရင်း ထိုကောင်လေး ပြုတ်ကျမလိုဖြစ်သွားတာကြောင့် သူအလျင်အမြန်ပဲ နောက်ကနေထိန်းပေးဖို့သွားပေမဲ့လည်း ကျလာတဲ့ အရှိန်ကိုမထိန်းလိုက်နိုင်တာကြောင့်နှစ်ယောက်သား ထပ်လျက်လှဲကျသွားခဲ့သည်။ သူ့ပေါ်တွင် မထဘဲ မျက်လုံးကြီးစုံမှိတ်ထားကာ ဟိုစမ်းသည်စမ်းလုပ်နေတဲ့ ကောင်လေးက သူ့အသံကြားမှသတိ၀င်လာပြီး အူကြောင်ကြောင်နဲ့ကြည့်နေခဲ့သေးသည်။

"အော် အေးအေး ကျေးဇူး"

"ညောင်"

"အော် သူကလည်း ကျေးဇူးတဲ့"

ခြူးခေတ်သွင် လက်ထဲမှာ ရှိနေသေးတဲ့ ကြောင်လေးကို ပြလိုက်ကာ ပြောလိုက်သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now