Unicode
"ဟယ်လို ခေတ် ဘာလုပ်နေလဲ"
"ဟင် ငါဘောပင်ပျောက်လို့ရှာနေတာ"
ဖုန်းကို လက်တစ်ဖက်ကနေကိုင်ထားကာ စားပွဲပေါ်နှင့်အံဆွဲတွေထဲကို ကျန်လက်တစ်ဖက်ဖြင့် ဘောပင်ရှာနေရင်း အာဏာအမေးကို သူပြန်ဖြေလိုက်သည်။ သူမှတ်စုရေးနေရင်း မီးဖိုတွင် တည်ထားတဲ့ရေနွေးအိုးကို သတိရပြီး အမြန်ပြေးပိတ်ကာ ပြန်လာတော့ သူကိုင်ပြီးစာရေးနေတဲ့ ဘောပင်အပြာရောင်လေးက ပျောက်လို့သွားပြီဖြစ်သည်။ သူသဘောကျတဲ့ ဘောပင်ဖြစ်သလိုအာဏာ၀ယ်ပေးထားတဲ့ ဘောပင်လည်းဖြစ်တာကြောင့် သူအပျောက်မခံပဲလိုက်ရှာနေခြင်းဖြစ်သည်။
"ခေတ် ညာဘက်နားနောက်မှာများညှပ်ထားမိလား"
"ဟင်"
အာဏာပြောလို့ သူညာဘက်နားနောက်ကိုလက်ဖြင့်စမ်းကြည့်တော့ တွေ့ပါပြီ ဘောပင်ပြာပြာလေး
"တွေ့ပြီ တွေ့ပြီ အာဏာပြောတဲ့နေရာမှာပဲ"
"အင်း ကိုယ်ထင်ပါတယ် ခေတ် ခနနေရင်ခေတ်ကို ယဥ်ကျေးလာကြိုလိမ့်မယ် ကိုယ်၀ယ်ပေးထားတဲ့၀တ်စုံလေး၀တ်ပြီးလာခဲ့နော် "
"Ok ဒါဆို ခနနေမှတွေ့ကြမယ်လေ"
"အင်း ခေတ်..."
"ဟင်"
"ချစ်လား"
"ချစ်တယ်"
"အာဘွားပေးအုံး"
"ဟုတ်ပြီ မွ မွ ပြွတ်စ် ရပြီလား"
ခြူးခေတ်ဖုန်း screenကိုနှုတ်ခမ်းဖြင့်ထိကာ အသံပါထွက်အောင် အာဘွားပေးလိုက်သည်။
"ရပြီ ကိုယ်အားတွေပြည့်သွားပြီ"
"အင်း ဒါဆိုဒါပဲနော်"
ဖုန်းချပြီးတာနဲ့ သူလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာယဥ်ကျေးအလာကိုစောင့်နေလိုက်တော့သည်။
"ခြူးခေတ်ရေ ရောက်ပြီ"
"အင်း"
"နေဦး ခန"
သူကားပေါ်ကဆင်းဖို့လုပ်တော့ ယဥ်ကျေးက သူ့ကိုတားလာသည်။
"ဘာဖြစ်လို့လဲ"
"မျက်လုံးကို ဒါလေးစည်းထား"
"ဘာလို့လဲ"
"စည်းထားစမ်းပါကွာ"
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...