Unicode
"ကိုယ်သူ့ကို အထက်တန်းကျောင်းမှာ စတွေ့ခဲ့တာ သူကချစ်စရာကောင်းတယ် ပြီးတော့သူက "
"ယဥ်ကျေးလား"
ခြူးခေတ်က ဖြတ်မေးလိုက်တော့အာဏာကသူ့ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။ဘယ်လိုတောင်မေးချလိုက်တာလဲ ခေတ်ရာ ကိုယ်က ဘယ်လိုလုပ်အဲ့ကျားမကိုကြိုက်ရမှာလဲ။
"ဘယ်လိုလုပ် သူဖြစ်မှာလဲ"
"ဒါဆို ဘယ်သူလဲ သွယ်၀ိုက်မနေနဲ့တော့နာမည်သာပြောချလိုက်တော့"
"ခြူးခေတ်သွင်"
"ဘာလဲ"
"ခြူးခေတ်သွင်"
"ဘာလဲလို့"
"ဟော ခေတ်ပဲနာမည်ပြောဆို"
"အေးလေ နာမည်ပြောခိုင်းတာ ဘာလို့ငါ့ကိုခေါ်နေတာလဲ"
အာဏာမိုးမြင့် သက်ပြင်းချလိုက်မိသည် ဒါကြောင့် ယဥ်ကျေးက ပြောတာ ခြူးခေတ်သွင်ဟာတစ်ခါတလေ လည်မလိုလိုနဲ့တုံးတယ်တဲ့။
"ငတုံးလေး"
သူ ခြူးခေတ်ရဲ့ခေါင်းကိုအသာယာပုတ်လိုက်ပြီး
"ကိုယ်သဘောကျနေတဲ့သူကမင်းလေ"
"ဘာ"
"လန့်လိုက်တာ ခေတ် ရယ် ဖြေးဖြေးအော်ပါ"
"မင်းဘာပြောလိုက်တာ"
ခြူးခေတ်သွင် သူ့နားကို သူမယုံနိုင်သဖြင့် ပြန်မေးသည် သူနားကြားများမှား သလား
"ခေတ် ကိုယ်မင်းကိုဟိုအရင်းတည်း ကနေ အခုထိမြတ်မြတ်နိုးနိုး နဲ့ကိုချစ်မိနေခဲ့တာပါ "
"ငါ ငါ့ကို မင်းက ချစ်တယ်"
"ဟုတ်တယ် ကိုယ်ကမင်းကို အရမ်းချစ်တယ် ခေတ်"
သူခေတ်ရဲ့ နဖူးလေးကို ညင်သာစွာနမ်းလိုက်ရင်းဆိုလိုက်သည်။
နဖူးလေးကနေ သူ့နှုတ်ခမ်းတွေ ဖယ်ခွာလိုက်တဲ့အချိန်မှာမျက်ရည်တွေကျနေတဲ့ခေတ်ကိုတွေ့လိုက်ရတာကြောင့် သူထိတ်လန့်သွားခဲ့သည်။
"ခေတ် ဘာဖြစ်လို့လဲ ဟင်"
"ငါ ငါမယုံနိုင်သေးဘူး ဒါတွေက အိမ်မက်တွေလားဟင်"
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Lãng mạnအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...