Part 18

4.1K 148 0
                                        

Unicode

လူရွေးပွဲပြီးတော့ ဘယ်သူကဘယ်ဇာတ်ကောင်နဲ့လိုက်တယ် ဘယ်သူကတော့ဘယ်လိုဆိုပြီး အစည်း၀ေးလုပ်ကာ ဆွေးနွေးနေကြပေမဲ့ ခြူးခေတ်သွင်ကတော့ထိုအစည်း၀ေးမှာ ထိုင်ရုံသာထိုင်နေပြီး အာရုံကတော့အစည်း၀ေးမှာမရှိ စောနကအဖြစ်ပျက်ကိုသာခေါင်းထဲပြန်တွေးနေတော့သည်။

သူ တစ်ယောက်ပြီး တစ်ယောက် သရုပ်ဆောင်ကာပြိုင်ပွဲ၀င်နေကြတာကို ပျင်းရိစွာထိုင်ကြည့်နေခဲ့ရသည်။

တစ်ယောက်ပြီးသွားတော့ ၀င်လာတဲ့သူက ပွဲမစခင်ကသူ့ကိုလာမိတ်ဆက်တဲ့ကောင်လေးမိုးရိပ်လွင်
ထိုကောင်လေးကလည်းသူ့ကိုကြည့်ကာပြုံးပြလာသည်။

"ကျွန်တော်နဲ့ အတူသရုပ်ဆောင်ပေးဖို့တစ်ယောက်လောက်ကူပေးလို့ရမလားဗျ"

"ရတာပေါ့"

"ဒါဆို ဟိုအကိုနဲ့သရုပ်ဆောင်လို့ရမလား"

ခြူးခေတ်သွင်ကို ကြည့်ကာပြောလာသည်။

"မရ..."

ထိုအသံသည်ကားအာဏာမိုးမြင့်၏အသံ

"ရတယ်ကူညီမယ်လေ "

ခြူးခေတ်သွင်ကတော့ ထသွားကာ မိုးရိပ်လွင်နားကိုလျှောက်သွားတော့သည်။

"အကို ကျေးဇူးပြုပြီး ကျွန်တော်နဲ့ပဲပြန်လိုက်ခဲ့ပါ "

"ဟမ်"

ရုတ်တရက် သူ့လက်ကိုဆွဲကာ တစ်နေရာကိုသွားမည့်ဟန့်ဖြင့်လှည့်ကာ ပြောလာသည့် မိုးရိပ်လွင်ကြောင့် ခြူးခေတ်သွင် ခနကြောင်အသွားသည်။

" ဘာလဲ ပြန်မလိုက်ချင်ဘူးလား အဲ့လူက အကို့ပေါ်ဘာတွေများကောင်းနေလို့ သူ့ကိုပဲစွဲလမ်းနေရတာလဲ သူ့အနားမှာပဲနေချင်နေရတာလဲ"

မိုးရိပ်ရဲ့ အမူယာက အဲ့လူဆိုတဲ့သူအပေါ် ဒေါသထွက်နေပြီး အဲ့လူကြောင့်နာကျင်ခံစားနေရတဲ့ သူလေးအတွက် စိတ်မကောင်းဖြစ်နေဟန် သူလေးကို အဲ့လူ၏အဝေးတစ်နေရာကိုခေါ်သွားကာ ပျော်ရွှင်အောင်ထားမည်ဟုဆုံးဖြတ်ထားဟန်ဖြင့် ဆိုလာခဲ့သည်။

သူ့ပြောပြောနေတဲ့အဲ့လူဆိုတာကိုခြူးခေတ်သွင်မသိသူ့ရှေ့မှာခံစားချက်အပြည့်နဲ့အပီပြင်သရုပ်ဆောင်ပြနေတဲ့သူကိုသာသူကြည့်နေမိသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now