Part 4

4.5K 191 1
                                    

Unicode

ဒေါက်ဒေါက်~~

"အကိုလေးနှိုးပြီးလား"

"နိုးပြီ"

"သခင်ကြီးကမနက်စာစားဖို့စောင့်နေပါတယ် နိုးရင်ဆင်းလာခဲ့ပါတဲ့"

"အင်း ကျွန်တော်လာခဲ့မယ်"

သူဒီကိုရောက်တာကြာတော့ နေသားကြလာခဲ့ပြီ အဖိုးနဲ့မတွေ့ရတာကြာမှ ပြန်တွေ့ရတာကြောင့် သူအစကအနေစိမ်းနေပေမဲ့ အဖိုးက သူ့ကိုဂရုစိုက်ပေးသည်။ အဖိုးက သူ့နဲ့အတူ မနက်စာ ညစာ အတူစားဖို့အမြဲတမ်းစောင့်သည် ပိတ်ရက်ဆို နေ့လည်စာပါအတူတူစားပေးသည်။ အရင်ကဆို သူနဲ့အတူစားပေးမဲ့သူမရှိ သူ့ရဲ့မိသားစုထမင်း၀ိုင်းလေးက အမြဲတမ်းတစ်ယောက်တည်းသာ အဖေကလည်းအလုပ်က သိပ်မပြန်လာသလို အမေကလည်း အိမ်မှာ မနေတနေကုန် partyတွေတက် အလောင်းကစား၀ိုင်းတွေသွားပြီး လည်ပတ်နေတက်သည်။ အိမ်တွင်သူနဲ့အိမ်ကအလုပ်သမားများသာရှိသည်။ ငယ်ငယ်ကနေ သိတက်တဲ့ အရွယ်ရောက်သည်အထိ တစ်ခါလောက် မိသားစုစုံစုံလင်လင်နဲ့ စားရတဲ့ ထမင်း၀ိုင်းလေးကို မျှော်လင့်မိခဲ့သေးသည်။ဒါပေမဲ့ နောက်ပိုင်းတော့ သူမမျှော်လင့်တော့ဘူး အချိန်တွေ ကြာလာလေ မိဘတွေနဲ့ ပို၀ေးကွာလာလေပါပဲ သူနေကောင်းရဲ့လား စာလိုက်နိုင်ရဲ့လား ကျောင်းမှာအဆင်ပြေရဲ့လား စတဲ့မေးခွန်းတွေကိုမေးလာမှာကိုလည်း သူမျှော်လင့်နေခဲ့သေးသည် ဒါပေမဲ့ သူတို့ကတော့ သူ့ကို ငွေလောက်တောင် စိတ်၀င်စားပုံမပေါ် အခု ဖိုးဖိုးကတော့ သူ့ကိုဂရုတစိုက်ရှိပေးတာကြောင့် သူနေရတာ မွန်းကြပ်မနေဘဲ သက်တောင်သက်သာဖြစ်လာခဲ့သည်။

"မြေးလေးလာ အဖိုးကစောင့်နေတာ"

"ဟုတ် အဖိုး"

အာဏာမိုးမြင့်သူ့အဖိုးနားတွင်ထိုင်လိုက်သည်။

"ဒီနေ့ကျောင်းပိတ်တယ်ဆိုတော့ မြေးလေးမြို့ထဲကိုလျှောက်လည်ချင်လား"

"မ လည်တော့ပါဘူးဖိုးဖိုး "

"အင်း စားတော့လေ သားကြိုက်မယ့်ဟာတွေပဲ ပြင်ခိုင်းထားတာ"

"ဟုတ်ကဲ့"

ထို့နောက် အစားသောက် စားရင်းစကားပြောရတာသိပ်မကြိုက်ကြတဲ့ မြေးအဖိုးနှစ်ယောက် တိတ်တဆိတ်နဲ့မနက်စာအတူစားခဲ့ကြသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now