Unicode
တကယ့်တော့ ခြူးခေတ်သွင်ဟာ မေသရဖီရဲ့သားအရင်းမဟုတ်ပါ သူဟာ မေသရဖီရဲ့သူငယ်ချင်းမလေးဖြစ်တဲ့ဖြိုး၀တီခေတ်ရဲ့သားဖြစ်သည်။ ခြူးခေတ်သွင်ကိုမီးဖွားပြီး မီးတွင်းထဲမှာပင်ဆုံးပါးသွားခဲ့တာကြောင့် မေသရဖီကပဲ ခြူးခေတ်သွင်ကို လူလားမြောက်သည်အထိ သားအရင်းလေးပမာ မေတ္တာအပြည့်ဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ဒီအကြောင်းအရာတွေကိုလည်း ခြူးခေတ်သွင် အသက်18နှစ်ပြည့်တဲ့နေ့မှာ အကုန်အမှန်တိုင်းသူမပြောပြခဲ့သည်။သူမ တွေးမိရင်းစိုးရိမ်နေခဲ့တာက သူမကအမေရင်းမဟုတ်ဘူး ဆိုတာကို ခြူးခေတ်သိသွားပြီးနောက် သူမနဲ့၀ေးရာကို ထွက်သွားမှာကိုပင်ဖြစ်သည်။ဒါပေမဲ့ ခြူးခေတ်သွင်က ဆုံးပါးသွားတဲ့ သူ့အမေရင်းရှိရာနေရာလေးကို သွားတွေ့ကာနှုတ်ဆက်ခဲ့ပြီး မေသရဖီကိုလည်းအရင်တိုင်း သူ့အမေလိုဘဲ သက်မှတ်ကာနေခဲ့သည်။
"အမေရှိရင်ရော သူကလက်ခံပေးမှာလား"
(ခြူးခေတ်က မွေးမေအမေအရင်းကို "အမေ" လို့ခေါ်ပြီး မေသရဖီကို"မေမေ"လို့ခေါ်တာပါ မေမေနဲ့အမေရှုပ်နေမှာဆိုးလို့😁)
"သေချာတာပေါ့ လက်ခံပေးမှာ သူဆိုအရမ်းပျော်နေမှာအသေချာဘဲ"
မေမေ့ရဲ့ မျက်နှာဟာအပြုံးတွေပြည့်နှက်နေခဲ့သည်။မေမေဟာ သူ့အမေရင်း အကြောင်းကို ပြောပြနေရတဲ့အချိန်ဆို သူ့အတွက် အပျော်ဆုံးအချိန်ဖြစ်နေမယ်ဆိုတာကို သူသိသည်။ ခြံထဲက နှင်းဆီတွေကို မေမေအရမ်းကြိုက်လို့တယုတယ ပျိုးခဲ့တယ်လို့ ငယ်ငယ်ကထင်ခဲ့ပေမယ့်တကယ်တမ်းကြတော့ သူ့ရဲ့အမေရင်းဖြိုး၀တီခေတ်အကြိုက်ဆုံး ပန်းတွေ ဖြစ်တာကိုသိခဲ့ရသည်။ခြံထဲမှာအများဆုံးကနှင်းဆီပန်းတွေတခြားအပင်တွေပန်းတွေကလည်းအမေစိုက်ချင်တယ်လို့ပြောခဲ့ဖူးသည့်ပန်းတွေသာဖြစ်သည်တဲ့လေ။
သူမေးကြည့်ခဲ့ဖူးသည် နှင်းဆီတွေက အမေကြိုက်တာဆိုမေမေကရော ဘာပန်းကြိုက်သလဲ မေးတော့ပန်းတွေကိုသူ သိပ်မကြိုက်ဘူးလို့ဖြေတယ် ဘာပန်းကိုမှမကြိုက်တဲ့ မေမေက သူ့အမေကြိုက်တဲ့နှင်းဆီတွေကိုတော့တယုတယနဲ့စိုက်ပျိုးခဲ့တယ်။
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Lãng mạnအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...
