Part 12

4.4K 193 36
                                        

Unicode

"ယဥ်ကျေး"

"အေး"

ယဥ်ကျေးမုန့်စျေးတန်းမှာ တစ်ယောက်တည်း မုန့်ထိုင်စားနေတဲ့ အချိန် အနားကို အာဏာမိုးမြင့်ရောက်လာသည်။

"ခေတ် ဘယ်သွားလဲ"

"ဟိုဘက်က ဘောလုံးကွင်းမှာ ရိပ်နေနဲ့သွားဆော့နေတယ်"

အာဏာမိုးမြင့်ရဲ့အမေးကို ယဥ်ကျေးက စားနေရင်းသာပြန်ဖြေလိုက်သည်။

"အေးငါလိုက်သွားပြီ"

"အေး"

အာဏာမိုးမြင့်ထွက်သွားတော့ ယဥ်ကျေးရဲ့နားကို လှလွန်းမဒီရောက်လာပြန်သည်။

"ယဥ်ကျေး"

"ဘာတုန်း"

"အာဏာမိုးမြင့်က ဘယ်ကိုသွားတာလဲဟင်"

"ဘယ်သိမလဲ"

"နင်နဲ့ပြောပြီးထွက်သွားတာလေ"

"မသိဘူး"

"နင်ကလည်း"

"ငတုံးမ"

"ဘာ"

"နင် သူထွက်သွားတာ မြင်ရင် သူ့နောက်လိုက်သွားလေအစားစားနေပါတယ်ဆို တစ်ယောက်ပြီး တစ်ယောက်လာနှောက်နေကြတယ် "

"ဟုတ်သား ငါသွား..."

ယဥ်ကျေးက ထသွားရန်ပြင်နေတဲ့ လှလွန်းမဒီကိုလှမ်းဆွဲလိုက်ပြီး

"နေဦး တူတူသွားမယ်"

"အေး အေး "

အာဏာမိုးမြင့် ဘောလုံးကွင်းဘက်ကို ရောက်တော့ ကျောင်းပုဆိုးကို စလွယ်သိုင်းထားပြီး ကာတွန်းဘောင်ဘီတိုလေးနဲ့ ပြေးလွှားပြီးဘောလုံးကန်နေတဲ့ ခြူးခေတ်သွင်ကိုတွေ့လိုက်ရသည်။ ခေါင်းမှာကလည်းကြက်တောင်စည်းလေးနဲ့ ပြေးလွှားနေတော့ကြက်တောင်စည်းလေးကတလှုပ်လှုပ် မုန်းစားဆင်းချိန်ဆို အစားကိုတောင်သေချာမစား ဘောလုံးကွင်းဘက်ကို တန်းပြေးတော့တာပဲ ဟိုငပုကလည်းမုန့်စားဆင်းခေါင်းလောင်းထိုးတာနဲ့ အခန့်ရှေ့ကို ရောက်ပြီးသား ဟိုဘက်အဆောင်နဲ့ ဒီဘက်အဆောင်ကို ဘယ်လိုတောင်ပြေးကူးလာလည်းမသိ။

ဒီနေ့သူက ဆရာမခိုင်းတာတွေ လုပ်ပေးနေရတာကြောင့် အတူတူမုန့်စားဆင်းလို့မရ ဒီနေ့မဆော့ပါဘူးလို့ကတိပေးထားပြီး ဘောလုံးကွင်းဘက်ရောက်နေတဲ့ကောင်လေးကိုဖမ်းဖို့ထွက်လာခဲ့သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now