Part 30

4K 106 6
                                        

Unicode

"ရောက်ပါပြီ သူဌေးဒီနေရာပါ"

"အင်း"

ကားပေါ်တွင် ဦးမိုးမြင့်မား မျက်လုံးမှိတ်ကာ အတွေးနယ်ထဲနစ်မြောနေစဥ် ဒရိုက်ဘာရဲ့အသံကြားတော့မှ ပတ်၀န်းကျင်ကိုကြည့်မိတော့သည်။ ကားပေါ်ကနေဆင်းကာ ရှေ့တွင် တွေ့နေရတဲ့စက်ချုပ်ဆိုင်လေးအတွင်းသို့၀င်သွားတော့ စက်ချုပ်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုတွေ့တာနဲ့ ထလာပြီး သူ့အနားသိို့လျှောက်လာကာ

"ဦးလေး အထည်အပ်ချင်လို့လာရှင့်"

"မဟုတ်ပါဘူး ဒေါ်မေသရဖီနဲ့တွေ့ချင်လို့ပါ"

"အော် တီချယ်နဲ့လား"

"အင်း"

"ချစ်စုရေ ဒီကဦးလေးကို တီချယ်ဆီ ခေါ်သွားပေးလိုက်ပါအုံး"

ချစ်စုလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးသူ့ကို ဦးဆောင်ကာခေါ်သွားပေးတော့သည်။ ထိုကလေးမလေးခေါ်ဆောင်ရာ နောက်ကိုလိုက်သွားရင်း လမ်းတစ်လျှောက်ကစိုက်ပျိုးထားတဲ့ အပင်လေးတွေ လမ်းလေးရဲ့တစ်ဖက်မှာလှပစွာဖူးပွင့်နေတဲ့ နှင်းဆီနဲ့စံပယ်ပင်တွေပြီးတော့ ဒန်းလေးတစ်ခု ခြံ၀န်းလေးကသန့်ရှင်းသပ်ရပ်ပြီးတော့ လှပတာကြောင့်သူငေးမောနေမိသေးသည်။

"တီချယ်ရေဧည့်သည်လာတယ် "

ချစ်စုရဲ့ အသံကြားတော့ လုပ်လက်စတွေကို ရပ်လိုက်ကာ မီးဖိုချောင်ကနေ သူမအိမ်ရှေ့ကိုထွက်လာလိုက်တော့သည်။

"ဟုတ်လား ၀င်လာခဲ့ကြလေ"

ချစ်စုနဲ့ အတူ၀င်လာတဲ့ ဧည့်သည်ကိုသူကြည့်မိတော့ မျက်မှောင်အလိုလိုကြုတ်မိသွားသည်။

"မေသရဖီ "

"အင်း ထိုင်အုံးလေ ချစ်စု ဆိုင်ကိုသွားပြီး ကူကြည့်ပေးလိုက်အုံး"

"ဟုတ်"

ချစ်စုထွက်သွားတော့မှ သူလည်းထိုင်ခုံတွင်၀င်ထိုင်လိုက်ပြီ

"ဘာကိစ္စများလဲ"

"၀တီ  ၀တီအကြောင်းသိချင်လို့ သူအခုဘယ်မှာရှိနေလည်း"

ဦးမိုးမြင့်မားက သူသိချင်သောအကြောင်းအရာကိုပင်အလျင်စလိုမေးမြန်လိုက်တော့သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now