Part 17

3.3K 130 2
                                    

Unicode

"ဟယ်လို"

ညက ညည့်တော်တော်နက်သည်အထိ စာရေးနေတာကြောင့် နေ့လည်ထိရောက်အောင်အိပ်ဖို့စဥ်းစားထားတာကို လာနှောက်ယှက်သည့်ဖုန်းနဲ့ ဖုန်းဆက်သူကိုစိတ်ထဲတွင်အမှုန့်ကြိတ်ချင်နေပြီဖြစ်သည်။

"ဆရာ ဒီနေ့လူရွေးပွဲရှိတယ်နော်"

"အဲ့တာဘာလုပ်ရမှာလဲ"

"ဆရာလည်း လာရမယ်လေ မမယဥ်ကျေးက ဆရာ့ကိုသွားဖြစ်အောင် သွားဖို့ပြောထားတယ် ချယ်ရီအခုဆရာတို့ တိုက်အောက်တောင်ရောက်တော့မယ် ဆရာပြင်ဆင်ထားတော့နော်"

"ငါမသွား ..တူ..တူ....ကျစ် ဖုန်းကချသွားပြီ ပြောချင်ရာတွေပြောသွားတော့တာပဲ"

ချယ်ရီက ယဥ်ကျေးခန့်ပေးထားတဲ့ သူ့ရဲ့လက်ထောက်မလေး တစ်နည်းယဥ်ကျေးရဲ့ ညီမတစ်၀မ်းခွဲလေး သွက်သွက်လက်လက်စပ်စပ်စုစုနဲ့မလို့ အကူညီတော်တော်ရသည်။ ပြန်အိပ်မရတော့ချင်း အတူတူလူရွေးပွဲပဲသွားကြည့်တော့မည်။ သူအိပ်ရာကနေထကာ ရေမိုးချိုးပြင်ဆင်ပြီး တိုက်အောက်ကို ဆင်းသွားတော့ ချယ်ရီကအဆင်သင့်စောင့်နေသည်။ ထူးထူးခြားခြား ပန်းနုရောင်ဂါ၀န်ရှည်နဲ့ မိတ်ကပ်တွေတောင်ပြင်ထားသေး လှတော့လှသား

"ဆရာလာပြီးလား ဘယ်လိုလဲ သမီးလှလား"

သူ့ရှေ့မှာရပ်ကာ သူမရဲ့ကိုယ်လုံးကိုလည်း တစ်ပတ်လှည့်ပြသေးသည်။

"အင်း နင့်ရဲ့အလှကလေ မြင်တဲ့သူတိုင်း..."

"မြင်သူတကာ ငေးမောရမဲ့ နတ်သမီးလေးလို အလှလား"

"မြင်သူကတကာ မူးမေ့အော့အန်စေမဲ့အလှ"

ခြူးခေတ်သွင် ပြောပြီးတာနဲ့ကားပေါ်ကိုတက်သွားတော့သည်။

"ဆရာ!"

"သွားမယ် တော်ကြာ နောက်ကျနေလိမ့်မယ်"

"ဟုတ်"

ယဥ်ကျေးရဲ့ညီမလို့ ပြောရင်မယုံမှာကြောက်လို့ထင်တယ် ပြောလိုက်တဲ့ စကားတွေဘာတွေမှန်းတောင်မသိ တလမ်းလုံး မရပ်မနားပြောနေတာ စုံစိနေတော့တာပါပဲ။

"အဲ့တော့ ဒါရိုက်တာကအသစ်ပြောင်းသွားပြီပေါ့"

သူတို့ လူရွေးပွဲကျင်းပတဲ့နေရာသို့စကားလေးတပြောပြောနဲ့၀င်လာခဲ့သည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now