Unicode
မနက်စာမှာတင် အချစ်ငှက်နှစ်ကောင်ရဲ့ ချစ်ကြည်နူးတစ်တီတူးနေတာကို အစာနင်မတက် ထိုင်ကြည့်နေရရုံ နဲ့တင် မကျေနပ်နိုင်သေးတဲ့ မေမီက ဦးမိုးမြင့်မားနဲ့ ဧည့်ခန်းမှာထိုင်နေရာကနေအပြင်သွားတော့မည် ဖြစ်သည့် ခြူးခေတ်နဲ့အာဏာတို့ကြား၀င်ကာ
"မိုးမြင့် ရိုက်ကွင်းကို တို့လည်းလိုက်မယ်"
"ဘာလိုက်လုပ်မှာလဲ"
"တို့လိုက်ကြည့်ချင်လို့လေ"
"လိုက် ခိုင်းလိုက်ပါသူလည်း မမြင်ဖူးတော့ ကြည့်ချင်ရှာမှာပေါ့"
"ဒီမှာတို့က ဟိုမှာနေတည်းက မိုးမြင့်နဲ့အတူလိုက်နေကြမို့မြင်ဖူးပြီးသား"
"အော် အထင်ကြီးစရာပဲ"
"သွားမယ်လေ ခေတ်နောက်ကျတော့မယ်"
"အင်း"
"အန်ကယ် ကျွန်တော်တို့သွားတော့မယ်"
ဧည်ခန်းမှာ ထိုင်ကာ သတင်းစာအေးဆေးဖတ်နေတဲ့ အန်ကယ်ကို သူလှမ်းနှုတ်ဆက်လိုက်ပြီးနောက် ကားရှိရာသို့ထွက်လာခဲ့သည်။ ကားပေါ်တက်ရန် ပြင်တော့ lover seat မှာအရင်၀င်ထိုင်နေတဲ့မေမီ
"အော် တို့ရှေ့မှာပဲထိုင်မယ်နော် ခေါင်းနည်းနည်းမူးနေလို့"
မောင်းသူ နေရာကြည့်တော့ အာဏာကိုမတွေ့ ဒါကြောင့်သူရှာကြည့်တော့ လူတစ်ယောက်နဲ့အတူ သူတို့ရှိရာဘက်ကို ပြန်လာနေတာကို တွေ့လိုက်ရသည်။
"ခေတ် ကားပေါ်တက်"
နောက်ခန်း တံခါးကိုဖွင့်ပေးကာ ပြောလာတာကြောင့်သူတစ်ချက်ကြည့်ကာ တက်လိုက်တော့သည်။ ခြူးခေတ်ကားထဲ၀င်သွားတော့ အာဏာလည်း နောက်ခန်းမှာ၀င်ထိုင်လိုက်သည်။ အာဏာနဲ့အတူပါလာတဲ့လူလည်းယာဥ်မောင်းနေရာမှာ၀င်ထိုင်နေပြီဖြစ်သည်။
"ဦးချမ်း မောင်းလို့ရပြီ"
"ဟုတ်အကိုလေး"
ကားလေးစထွက်တော့အာဏာကခြူးခေတ်ကိုဆွဲဖက်ကာရင်ခွင်ထည့်ထားလိုက်သည်။ရင်ခွင်ထဲကခြူးခေတ်ကတော့အာဏာ့ကိုမော့ကြည့်ပြီးမေးဖျားလေးကိုလှမ်းကာနမ်းလိုက်တော့အာဏာကခြူးခေတ်ရဲ့နဖူးလေးကိုပြန်နမ်းလာသည်။ခြူးခေတ်ရှေ့ခန်းက အမကို လှမ်းကြည့်လိုက်ကာအာဏာရဲ့ရင်ခွင်ထဲကနေ
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romansaအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...