part 7

5.1K 216 28
                                        

Unicode

မေသရဖီ သူမဆိုင်ရှေ့တွင် ကားတစ်စီးရပ်လာတာကြောင့် အလုပ်လုပ်နေရာကနေ ထလိုက်ကာ ကြည့်လိုက်သည်။ သူမတို့ လမ်းထဲကို ကားတွေ၀င်တာရှားသည် အခုသူ့ဆိုင်ရှေ့တွင် ရပ်လာတာကြောင့် သူမဆီလာတယ် ထင်ကာ ကြည့်လိုက်ခြင်း
ကားပေါ်ကနေ ထော့နဲ့ထော့နဲ့ဖြင့် ဆင်းလာသော သူမရဲ့သား ခြူးခေတ်သွင် ကို ဘေးကနေကောင်လေးတစ်ယောက်ကတွဲလာပေးသည်ကို တွေ့လိုက်ရသည်။

"မေမေ"

ခြူးခေတ်သွင် သူ့ရဲ့အမေကို တွေ့တော့ လှမ်းကာခေါ်လိုက်သည်။

"အမွှေစိန် ကျောင်းမှာ မကြီးမငယ်နဲ့ဆော့ပြီးဒဏ်ရာရလာပြန်ပြီလား"

"မေမေကလည်း မဆော့ပါဘူး ဒီတိုင်းချော်လဲလာတာ"

ခြူးခေတ်သွင်က နှုတ်ခမ်းစူကာပြောလာသည်။ဒီနေ့ကျောင်းဆင်းရင် ကျောင်းကသူငယ်ချင်းတွေနဲ့ဘောလုံးကစားဖို့ချိန်းထားတာကို မသွားရတော့တာကြောင့်အာဏာမိုးမြင့်ကိုရော လဲကျအောင်လုပ်ခဲ့တဲ့ခဲလုံးကိုရောပါ သူမကျေမနပ်ဖြစ်နေသည်။

"သားလေးက ခြူးခေတ်ရဲ့သူငယ်ချင်းလား"

အသားဖြူဖြူ အရပ်ရှည်ရှည်လေးနဲ့ ကြည့်ကောင်းတဲ့ကောင်လေးကို ကြည့်ကာ သူမမေးလိုက်သည်။

"ဟုတ်ကဲ့"

"သားလေးက ယဥ်ကျေးက လွဲရင် တခြားသူငယ်ချင်းတွေကို အိမ်မခေါ်လာဖူးဘူး အဲ့တာကြောင့် အန်တီမေးတာ"

"ဟုတ်"

"လာ လာ အထဲ၀င်ကြရအောင်"

အာဏာမိုးမြင့် လည်းခြူးခေတ်သွင်ကို တွဲပေးကာ ခြံထဲသို့ ၀င်လာလိုက်သည်။ပန်းဥယျာဥ်ငယ်လေး တစ်ခုကို သူရောက်သွားသလို ခံစားလိုက်ရသည် ပန်းအိုးလေးတွေ စီစီရီရီနဲ့ ခြံလေးရဲ့တဖက်ခြမ်းတွင် ဒန်းလေးတစ်ခုရှိသေးသည်။ ပန်းတွေ ဖူးပွင့်နေတာကြောင့် ပန်းရနံ့ သင်းသင်းလေးတောင် သူရနေသေးသည်။ ခြူးခေတ်သွင်ရဲ့အမေ က အပင်စိုက်ရတာ ၀ါသနာပါပြီး ပန်းပင်လေးတွေကို ချစ်မြတ်နိုးသူပဲဖြစ်ရမည်။

အိမ်ထဲ ရောက်တော့ ရိုးရှင်းတဲ့အိမ်အပြင်ဆင်လေးကိုတွေ့ရသည် ။သူ့တို့စံအိမ်ကလို  TV အကြီးကြီးနဲ့ဆိုဖာအကောင်းစားတွေနဲ့ စားပွဲအကြီးလည်းမရှိ သူ့အဖိုးကြိုက်တဲ့ ပန်းချီကားကြီးတွေ ပန်းပုရုပ်တွေနဲ့အလှဆင်ထားတာမရှိဘဲ လူသုံးယောက်လောက်ထိုင်လို့ရတဲ့ခုံရှည်နဲ့ စားပွဲတစ်လုံး Tvစင်နဲ့ ဘေးက စာအုပ်စင်ကြီးစင်ရဲ့အပေါ်ဆုံးထပ်မှာ အရုပ်တွေ တင်ထားပြီးတစ်ဖက်နံရံတွင်တော့ ခြူးခေတ်နဲ့ သူရဲ့အမေပုံ ဓာတ်ပုံထဲကငါးနှစ်သားအရွယ် ခြူးခေတ်ဟာအင်မတန်ချစ်စရာကောင်းနေသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now