Part 16

4K 151 0
                                        

Unicode

"အား ဘာမှကိုစဥ်းစားမရတော့ပါလား"

ခြူးခေတ်သွင်တစ်ယောက် မိုးလင်းတည်းက စာရေးစာပွဲတွင်ထိုင်ကာ ၀တ္ထုအသစ်ရေးရန်အတွက် ပြင်ဆင်နေတာ တွေးနေတုန်းကတော့ဟုတ်နေခဲ့ပြီး လက်တွေ့ရေးမယ်ဆိုတော့မှ တွေးထားသမျှတွေကို ဘယ်ကနေဘယ်လို စရေးရမှန်း မသိဖြစ်နေတော့သည်။ ရေးလိုက် ပြန်ပြီးဖတ်ကြည့်လိုက် မကြိုက်လို့ပြန်ဖျက်လိုက် ပြန်ရေးလိုက်နဲ့ သံသရာလည်နေသည်မှာ အခုနေ့လည်ရောက်သည် အထိပင်ဖြစ်သည်။ ထိုကြောင့်သူရေးမယ်ဆိုသည့်အစီစဥ်ကို လက်လျော့လိုက်ကာဆာလာတဲ့ဗိုက်ကိုဖြည့်ရင်း မျက်စိအစားအကျွေးရန် တိုက်ခန်းအနီးတွင်ရှိသော shopping mallသို့သာသွားလိုက်တော့သည်။

တစ်ထပ်ပြီး တစ်ထပ် လျှောက်သွားပြီး လှည့်ပတ်ကြည့်နေပြီးမှ ဆိုင်တစ်ဆိုင်တွင် ထိုင်ကာအစားသောက်များမှာယူပြီး သူမှာထားတာတွေကို ဖုန်းလေးသုံးကာစောင့်နေရင်း ဘေး၀ိုင်းကအမျိုသမီးလေးပြောနေတာကိုသူနားစွင့်နေမိသည်။

"wow တစ်ကယ်ကြီးလား"

ထိုကောင်မလေးရဲ့အသံကြောင့်သူမဘေးတွင်ရှိတဲ့ကောင်မလေးကမေးလိုက်သည်။

"ဟဲ့ဘာဖြစ်တာလဲ"

သူမမှာ ပျော်နေတဲ့ပုံဖြင့်စကားတောင်သေချာပြန်မပြောနိုင်သေးပြီးတော့မှ

"ငါအရမ်းကြိုက်တဲ့ bl ၀တ္တုတစ်ခုကို ရုပ်ရှင် ပြန်ရိုက်တော့မယ်တဲ့"

"အော် အဲ့တာကိုအလန့်တကြားဟယ်"

"ဟဲ့ ငါပျော်လို့ပေါ့ဟ အဲ့တာလေးကို ငါရုပ်ရှင်အနေနဲ့ပြန်ကြည့်ချင်နေတာ သရုပ်ဆောင်တွေကဘယ်သူဖြစ်မလည်းမသိဘူး တွေးနေရင်းနဲ့ရင်ခုန်လိုက်တာ"

"အေး ငါ့လည်းလင်းအုံး ရုပ်ရှင်မထွက်ခင်ဖတ်ထားကြည့်ချင်လို့"

"အေးငါပို့လိုက်မယ် စာအုပ်ပဲယူမလားငါကြိုက်လွန်းလို့နှစ်အုပ်တောင်၀ယ်ထားတာ"

"အေး"

"သွင် ရေးထားတာလေးတွေကလေ အရမ်းကောင်းတာသိလား ငါအရမ်းကြိုက်တာ ငါ့သူ့ကိုမမြင်ဖူးသေးဘူးယောကျာ်းလေးဆိုတာပဲသိတယ် သူကတအားလျို့၀ှက်တာပဲ"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now