Unicode
မေသရဖီ ကလေးနှစ်ယောက် အတွက် ညစာပြင်ပြီးသွားတော့
"ကလေးတွေညစာစားကြရအောင်"
"ဟုတ်လာပြီမေမေ"
အပေါ်ကနေ ညီအစ်ကိုနှစ်ယောက်ပြေးဆင်းလာတော့သည်။ ထိုင်ခုံမှာနေရာတကျ ၀င်ထိုင်နေကြတဲ့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်တော့နှစ်ယောက်လုံးက ကြက်တောင်စည်းလေးတွေနဲ့ချစ်စရာကောင်းနေကြသည်။
"ကယ် စားကြ"
"ဟုတ်"
"မေမေ"
ခြူးခေတ်က သူမပန်းကန်ထဲကို ကြက်သားတစ်တုံးဦးချတဲ့အနေနဲ့ထည့်ပေးသည်။
"တီတီ"
ရိပ်နေကလည်း အားကျမခံထည့်ပေးပြန်သည်။
"ဟုတ်ပါပြီ သားတို့လည်းထည့်စား ရော့"
"ဟုတ်"
အရင်နှစ်ယောက်သာရှိခဲ့တဲ့ ထမင်း၀ိုင်းလေးဟာအခုတော့လူတစ်ယောက်ထပ်တိုးလာခဲ့သည်။
~~~~~~~~~~
"အဖိုး သားသွားတော့မယ်"
အာဏာမိုးမြင့် အိမ်ပေါ်ကနေ ဆင်းလာတော့ အခန်းထဲကနေ ထွက်လာတဲ့ အဖိုးနဲ့တွေ့တာကြောင့်နှုတ်ဆက်လိုက်သည်။
"မြေးအစောကြီးရှိသေးတယ် မနက်စာစားသွားအုံးလေ"
"ကျောင်းရောက်မှစားတော့မယ် အဖိုး"
"အကိုလေး ကျွန်တော်လိုက်ပို့ပေး..."
"ရတယ် ကျွန်တော်စက်ဘီးနဲ့ပဲသွားမှာ"
"မြေး ဖြစ်လို့လား"
"ရပါတယ် "
"အင်း ကောင်းကောင်းသွားနော် စက်ဘီးကိုသေချာနင်း"
"ဟုတ်"
အာဏာမိုးမြင့် စက်ဘီးစီးကာ စံအိမ်ကနေထွက်သွားတော့သည်။ခနအကြာတော့ အာဏာမိုးမြင့် ခေတ်ရဲ့အိမ်ရှေ့ကိုရောက်လာခဲ့သည်။ဒီနေ့ကစပြီး သူခေတ်နဲ့အတူတူကျောင်းသွားမည်။ ခေတ်ကို သူ့စက်ဘီးနောက်တွင်ထိုင်ခိုင်းကာ အတူတူသွားကြမည်။ အဲ့လိုတူတူသွားချင်လို့ကို အဖိုးကို စက်ဘီး၀ယ်ပေးဖို့ တောင်းဆိုခဲ့တာ ။ မနင်းတက်တဲ့ စက်ဘီးကို ကြိုးစားပြီး အနင်းသင်ခဲ့သည်။အခုတော့ ခေတ်ကိုတောင်တင်နင်းနိုင်သည်အထိကျွမ်းကျင်ခဲ့ပြီ။
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...
