Part 13

4.2K 169 18
                                        

Unicode

မွေးနေ့ ဒီနေ့ကသူ့ရဲ့မွေးနေ့ ဒါပေမဲ့ဘာမှမထူးခြားတဲ့သာမာန် နေ့တနေ့ပါပဲ ...

"ဦးလွင် အဖိုးရော"

အာဏာမိုးမြင့် မနက်စာစားရန် အောက်ကိုဆင်းလာတော့ အဖိုးဖြစ်သူကို မတွေ့ရတာကြောင့် မေးလိုက်သည်။

"သခင်ကြီးက အရေးကြီးအလုပ်ကိစ္စပေါ်လာလို့ မနက်အစောတည်းကထွက်သွားတယ်"

"အော်"

သူမနက်စာ စားစရာရှိတာ စားပြီး ခြူးခေတ်သွင်တို့အိမ်ကိုသာ စက်ဘီးတစ်စီးနဲ့ ထွက်လာခဲ့တော့သည်။

ခြူးခေတ်သွင် စားချင်တယ်ပြောတဲ့မုန့်တွေ၀ယ်သွားဖို့ကလည်းသူမမေ့။

ခြူးခေတ်သွင်တို့ အိမ်ရှေ့ရောက်တော့ စက်ဘီးကိုသရက်ပင်နားမှာ ရပ်လိုက်သည်။ သူ့ကိုမြင်တော့ဆိုင်မှာ အလုပ်ရှုပ်နေတဲ့ ခြူးခေတ်အမေက

"သားလေးအာဏာ ခြူးခေတ် အခုထိမထသေးဘူး တခါတည်းနိုးလိုက်ပါအုံး ကျူရှင်ရော ကျောင်းရောပိတ်တယ်ဆိုပြီး အိပ်နေတာ မထတော့ဘူး"

"ဟုတ်အန်တီ"

ကျောင်းပိတ်ရက်တွေတိုင်း အာဏာမိုးမြင့်ကခြူးခေတ်သွင်ရဲ့ အိမ်တွင်သာလာနေလေ့ရှိသည်။ နှစ်ယောက်အတူတူ စာလုပ်ရင်လုပ် မလုပ်ရင်နှစ်ယောက်အတူရုပ်ရှင်ကြည့်ကြတာ ဒါမှမဟုတ် စာဖတ်ကြတာတို့ လုပ်သည်။ အာဏာမိုးမြင့်က စာဖတ်ရတာကြိုက်ပြီး။ခြူးခေတ်သွင်ကတော့ ရုပ်ရှင်ကြည့်ရတာကို ကြိုက်သည်။ဒါကြောင့် ကျောင်းစာလုပ်စရာမရှိရင် ရုပ်ရှင်ကြည့်နေတဲ့ခြူးခေတ်ရဲ့ဘေးမှာ ထိုင်ရင်းအာဏာမိုးမြင့်ကစာဖတ်နေတတ်သည်။ တစ်ခါတလေတော့ ယဥ်ကျေးနဲ့အတူ လှလွန်းမဒီပါ ခြူးခတ်အိမ်ကိုရောက်လာတက်သည်။

သူအိမ်ထဲ၀င်သွားတော့ အိမ်ရှေ့ခန်းက စားပွဲမှာ စာထိုင်လုပ်နေတဲ့ ရိပ်နေကို တွေ့လိုက်ရသည်။

"အကိုကြီး လာပြီလား ကိုကိုကမနိုးသေးဘူး"

"အင်း စာလုပ်နေတာလား"

"ဟုတ်တယ် ဒါပေမဲ့ ဒီပုစ္ဆာတွေမတွက်တက်ဘူး ဖြစ်နေတယ်"

"ပြကြည့်"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now