Unicode
"အကိုခြူးခေတ်"
ခြူးခေတ်သွင် ဒီနေ့လိမ္မော်ခြံမှာ ရိုက်ကူရေးရှိသည်ဟုဆိုတာကြောင့် သူလာကြည့်ခြင်းဖြစ်သည်။ သူရောက်တော့အာဏာ ကိုရှာနေတုန်း မိုးရိပ်လွင်နဲ့တွေ့လိုက်ရသည်။
"မိုးရိပ်"
မိုးရိပ်လွင်က သူ့ဆီကိုလှမ်းလာပြီး တပ်ထားတဲ့နေကာမျက်မှန်ကိုချွတ်လိုက်ကာ
"အကိုလည်းဒီရောက်နေတာလား"
"အကိုရောက်နေတာကြာပြီ အကို့မေမေကဒီမှာနေတာလေ"
"အော် ဒါဆိုလာလေ ဟိုဘက်အရိပ်ဘက်ကိုသွားကြရအောင်"
"နေပါစေ အကိုက အာဏာ ..အယ်ဒါရိုက်တာကြီးကိုရှာနေတာ"
"ဒါရိုက်တာကြီးက ဟိုဘက်ကိုကိစ္စရှိလို့ဆိုပြီးအမတစ်ယောက်နဲ့ထွက်သွားတယ်"
"အော်"
"လာပါအကိုရဲ့ နေပူတော့ အသားတွေ လောင်နေလိမ့်မယ်"
မိုးရိပ်လွင်က ခြူးခေတ်သွင်ရဲ့ လက်ကို ဆွဲကာ နားနေခန်းလေးကို ဆွဲခေါ်သွားတော့သည်။ အခန်းထဲရောက်တော့ ခြူးခေတ်အတွက် အအေးဘူးလေးကို အဆင်သင့်ဖောက်ပေးကာ ပေးလာတာကြောင့် ခြူးခေတ်သွင်ယူလိုက်သည်။
"အကိုက ကျွန်တော်နဲ့ဒီဇာတ်ကောင်လိုက်တယ်ဆိုပြီးရွေးခဲ့တာဆို"
"မန်နေဂျာအမမီက ရွေးတာပါအကိုကထောက်ခံပေးရုံလေးပါ"
"အစ်ကို့ကျေးဇူးကြောင့် ကျွန်တော်ပွဲဦးထွက်ရတော့မှာ ဒီကားက ကျွန်တော့်ရဲ့ပထမဦးဆုံးကားပဲစိတ်လည်းလှုပ်ရှားတယ်"
"အကို့အတွက်လည်းပထမဦးဆုံးပါပဲ အကိုဖန်တီထားတဲ့၀တ္ထုက ဒီလိုမျိုးရုပ်ရှင်ပြန်ရိုက်ရမယ်လို့ မထင်ထားတာ"
သူတို့နှစ်ယောက်ရောက်တက်ရာရာစကားတွေပြောနေတုန်း အခန်းထဲကိုကောင်လေးတစ်ယောက်၀င်လာသည်။
"အကိုမိုးရိပ်"
"အော် ကိုကိုခြူးခေတ်လည်းရောက်နေတာပဲ"
"အင်း လရောင်"
"ကျွန်တော်နောက်နေ့မှ အိမ်လာလည်မယ်နော်ရိပ်နေကိုလွမ်းနေတာ"
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...
