Part 1

15.4K 292 2
                                    

Unicode

ညကတည်း ကနေမနက်ခင်းစောစောအထိမိုးတွေသည်းကြီးမည်းကြီးရွာထားသောကြောင့်မိုးအေးအေးလေးဖြင့်အင်မတန်ကိုအိပ်စက်လို့ကောင်းနေခဲ့သည်။ထိုအချိန်မှာပဲအခန်းတွင်းရှိ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော စာရေးစားပွဲပေါ်ရှိ နှိုးစက်နာရီသံကြောင့် ခြူးခေတ်သွင် အိပ်ရာကနေ ထရပါတော့သည်။တတီတီမြည်နေတဲ့ နှိုးစက်ကိုပိတ်လိုက်ကာ အိပ်မှုန်စုန်ဖွားဖြင့်ထလာပြီး ပြတင်းပေါက်တံခါးလေးကိုတွန်းဖွင့်လိုက်သည်။

သူတို့ရဲ့အိမ်လေးသည် နှစ်ထပ်တိုက်အိမ်ကလေးဖြစ်ပြီးအိမ်ရှေ့တွင်တော့ စက်ချုပ်ဆိုင်လေးရှိသည်။ခြူးခေတ်မမွေးခင်တည်းက မေမေဖွင့်ထားခဲ့တဲ့ဆိုင်လေးဖြစ်သည်။ ခြံ၀န်းလေးထဲမှာတော့မေမေ့အကြိုက်နှင်းဆီ စံပယ်စတဲ့ ပန်းပင်လေးတွေစိုက်ပျိုးထားတာကြောင့်ပန်းရနံ့လေးတွေ သင်းပျံ့လို့နေသည်။ သူကတော့စံပယ်ပန်းကိုကြိုက်သည် စံပယ်ပန်းနံ့လေးက သူ့ရင်ကိုအေးစေသည်။

ထို့နောက်ခြံရှေ့ကသရက်ပင်ကိုအကြည့်ရောက်သွားတော့ ကျောင်းပိတ်ရင်ယဥ်ကျေးနဲ့သရက်သီးထပ်သုတ်စားအုံးမယ်ဟုတွေးနေမိသည်။

ခြူးခေတ်သွင်သည် အိပ်ရာနိုးတာနဲ့ထိုပြတင်းပေါက်တွင်ရပ်ကာ လေကိုတ၀ကြီးရှူလိုက်ပြီး ပတ်၀န်းကျင်လေးကိုကြည့်ကာ တွေးချင်ရာတွေးပြီး အညောင်းအညာဖြေ လေ့ကျင့်ခန်းလုပ်ပြီးမှ ရေချိုးခန်းထဲ၀င်တာအကျင့်တစ်ခုလိုဖြစ်နေသည်။ အိပ်ရာထနောက်ကျနေရင် တောင်ထိုပြတင်းပေါက်မှာ ရပ်လိုက်ပြီးအပြင်ဘက်ကိုခနလောက်ကြည့်နေလိုက်ရမှကျေနပ်တာသူ့အကျင့်ဖြစ်သည်။

ထို့နောက်သူ ရေမိုးချိုးသန့်စင်ပြီးကျောင်း၀တ်စုံတစ်ခါတည်း၀တ်ကာအောက်ထပ်သို့ဆင်းသွားလိုက်သည်။

သူဆင်းလာတာကို
မနက်စာပြင်နေတဲ့မေမေကတွေ့တော့

"သားလေးကအဆင်သင့်တောင်ဖြစ်နေပြီမေမေကသားမနှိုးသေးဘူးထင်နေတာ"

သူ မေမေ့အနားကိုသွားကာပါးလေးကိုနမ်းလိုက်ပြီး

"ဒီနေ့ကျောင်းစတက်ရမဲ့နေ့မလို့စောစောထတာပါ"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now