part 8

4.9K 197 16
                                        

Unicode

ကြိုးစားပမ်းစားနဲ့ တက်လာခဲ့ပြီးတဲ့နောက် လူသူအလာနည်းတဲ့ တောင်ကုန်းမြင့်လေး ပေါ်သို့ရောက်လာခဲ့သည်။ အမြင့်တနေရာ ဖြစ်တာကြောင့် မြို့ငယ်လေးရဲ့ အလှတရားတွေကိုလည်း အားလုံးမြင်နိုင်သည်။

"မတွေ့ရတာကြာပြီ နေကောင်းရဲ့လား ဖြိုး"

"ငါမအားလို့ နင့်ဆီမလာဖြစ်တာ စိတ်မဆိုးဘူးမလား"

"ဒီကို တက်လာရတာ နည်းနည်းပင်ပန်းတယ် အသက်ကလေးမဆိုသလောက် ကြီးလာလို့ထင်ပါရဲ့"

သူမ စကားတွေအများကြီးပြောနေပေမဲ့ ပြန်ဖြေမယ့်သူတော့မရှိ။

"ငါ နင်ကြိုက်တဲ့ နှင်းဆီပန်းတွေကို ယူလာတယ်"

သူကိုယ်တိုင်ခူးပြီးသေချာစည်းလာတဲ့နှင်းဆီပန်းစည်းလေးကို သစ်ပင်ကြီးနား မြေပုံလေးမှာထားလိုက်သည်။

"ဒီနေ့တော့ အချိန်တွေ အများကြီးရတာကြောင့် ငါနင့်နားမှာ အကြာကြီး အဖော်ပြုပေးပါ့မယ် နင်သိချင်နေမယ့် သားလေးအကြောင်းလည်းပြောပြမယ် သူကလေကြီးလာလေ နင်နဲ့ပိုတူလာလေပဲ .......

အချိန်တော်တော်ကြာသည်အထိ သူမထိုနေရာလေးမှာ ထိုင်ကာ သူမတို့ရဲ့ ချစ်စရာကောင်းတဲ့သားငယ်လေးအကြောင်းကို ပြောပြနေတော့သည်။
.
.
.

"ခေတ်"

အာဏာမိုးမြင့် ခြူးခေတ်သွင်ရဲ့ ကျူရှင်ရှေ့တွင်စက်ဘီးတစ်စီးဖြင့်ရပ်ကာစောင့်နေသည်။ သူစောင့်နေတာ နာရီ၀က်လောက်တောင်ရှိနေပြီ ဖြစ်ပြီး အခုမှပဲကျူရှင်ဆင်းတော့သည်။ အဖြူရောင်တီရှပ်နဲ့ ဘောင်ဘီအနက် ဒူးဖုံးရုံလေးကို ၀တ်ထားကာ ကျောတွင်လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ကြိုးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ဆံပင်တွေကိုလည်းထိပ်မှာ ကြက်တောင်စည်းလေးစီးထားသည့် ခြူးခေတ်သွင်ကို တွေ့လိုက်တာကြောင့် သူလှမ်းခေါ်လိုက်သည်။

"အာဏာ"

ခြူးခေတ်သွင် ကျူရှင်က ဆင်းတော့ အာဏာမိုးမြင့်ကိုတွေ့တာကြောင့် ပြေးသွားလိုက်သည်။

"သွားမယ် ငါမေမေ့ကိုပြောခဲ့ပြီးပြီး"

အိမ်ကိုတန်းမပြန်ဘဲ အိမ်လည်ရမယ်ဆိုရင် သူသိပ်ကိုပျော်သည်။ အိမ်ရောက်တာနဲ့ခနနားပြီး စာပဲလုပ်နေရတာကြောင့် သူမပြန်ချင် စာတွေချည်းလုပ်နေရတာပင်ပန်းတယ်လေ။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now