part15

4.2K 137 2
                                        

Unicode

"ဟွန့် သူ့ရဲ့ ဒီမိန်းမကိုသူ့မှာလွမ်းလို့ကိုမပြီးသေးဘူးမြင်ရတာကျက်သရေယုတ်လိုက်တာ"

စာဖတ်ခန်းထဲက စားပွဲပေါ်မှာရှိတဲ့ စာရွက်တစ်ချို့ကြားက ပုံတစ်တချို့ကိုယူကြည့်ကာ ထိုအမျိုးသမီးကဆိုလာသည်။ ပုံထဲတွင်တော့ အလှဆုံးနဲ့အရိုးသားဆုံးပြုံးရယ်နေတဲ့အမျိုးသမီးလေးတစ်ယောက်

"မေမိုးမဒီ မင်းငါ့အခန်းထဲ ဘာ၀င်လုပ်နေတာလဲ"

သူ့ရဲ့စာဖတ်ခန်းထဲကိုရောက်နေတဲ့မိန်းမနားကိုဦးမိုးမြင့်မားကရောက်လာကာ ထိုမိန်းမလက်ထဲကပုံကို ဆွဲကာယူလိုက်ရင်း မေးလိုက်သည်။

"အို ဒီလိုပါပဲ ဒါနဲ့ဒီလောက်နှစ်တွေကြာနေတောင်မမေ့နိုင်သေးဘူးလား ရှာလို့ရောမတွေ့သေးဘူးလား"

စားပွဲပေါ် တင်ပါးလွဲထိုင်ကာခပ်ရွဲ့ရွဲ့ခပ်လှောင်လှောင်အပြုံးဖြင့် ပြုံးကာမေးလာသည်။

စားပွဲပေါ်မှာထိုင်နေတဲ့မိန်းမကိုဦးမိုးမြင့်မားကတော့တစ်ခွန်းမှမဆိုထိုမိန်းမကိုလစ်လျူရှုထားသည်။

"လောကကြီးမှာ မရှိလောက်တော့တဲ့ သူကိုမရှာချင်စမ်းပါနဲ့ရှင် ရှင့်ရဲ့လက်ရှိ ရှိနေတဲ့သားကိုသာဂရုစိုက်စမ်းပါ"

"ဟက် မင်းသာမိခင်ကောင်းပီသအောင်နေစမ်းပါ မေမိုးမဒီရယ်"

"ကျွန်မနေတယ်လေ သူ့ကိုကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံထားတာပဲလေ ဒါကိုတောင် သူကမအေကိုပြန်ပြောပြီး ချောင်ကျတဲ့မြို့မှာရှိတဲ့ အဖိုးကြီးနဲ့သွားနေနေတယ် ဒါပေမဲ့မဆိုးပါဘူး အဲ့အဖိုးကြီးသေရင် သူ့အမွေတွေအကုန်ရတာပေါ့"

"မေမိုးမဒီ မင်းပါးစပ်ပိတ်ပြီး အခန်းထဲကနေထွက်သွားတော့"

"သွားမှာပါ ရှင်သာ မိန်းမနဲ့သားရှိရက်နဲ့တခြားမိန်းမကိုလွမ်းဆွတ်တမ်းတမနေနဲ့"

"မင်းသာ မင်းလင်ငယ်တွေနဲ့ကိစ္စကို အရင်ရှင်းပါ မင်းရဲ့သားသိသွားရင်မကောင်းဘူး သူချစ်တဲ့မာမီကလင်တကာနဲ့ပလူးနေတဲ့မိန်းမပျက်ဆိုတာကြီးကိုလေ"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now