Part10

4.9K 153 2
                                        

Unicode

"သားငယ် ပြန်လာပြီလား"

"ဟုတ်မေမေ"

ခြူးခေတ်သွင် အိမ်ထဲကိုရောက်တော့ အိမ်ရှေ့ခန်းမှာမေမေနဲ့ အတူကောင်လေးတစ်ယောက်ထိုင်နေသည်။

"လာဒီကို"

"ဟုတ်"

ခြူးခေတ်သွင်လည်း မေမေခေါ်တာကြောင့် မေမေအနားမှာ သွားကာထိုင်လိုက်သည်။

"သားလေး ရိပ်နေလေးကို မှတ်မိလား"

သူ့ရှေ့တွင် ထိုင်နေတဲ့ ပိန်ပိန်သေးသေးလေးနဲ့ သူ့ကိုပြုံးပြနေတဲ့ ကောင်လေးကို သူကြည့်လိုက်မိသည်။ရင်းနှီးနေသလို ဖြစ်နေပေမဲ့ ဘယ်မှာတွေ့ဖူးမှန်းသူမမှတ်မိပေ။

"မမှတ်မိဘူး"

"ကိုကိုက သားကိုတောင် မမှတ်မိဘူးလား"

"ဟင့်အင်း"

"ရိပ်နေလေ သားရဲ့ သားငယ်ငယ်က ကြီးကြီးမေရဲ့ဂေဟာကို သွားသွားလည်တိုင်း သားငယ်နဲ့ ဆော့နေကြလေ "

"အဲ့တုန်းက သားကို မာမီတို့ မွေးစားသွားတော့ မလိုက်သွားခင် ကိုကို့  ကိုမနှုတ်ဆက်လိုက်ရဘူး"

"မှတ်မိပြီ ပေါက်စီ!"

"အခုမှ"

သူ့ကို မျက်စောင်းထိုးကာ တစ်ဖက်သို့လှည့်သွားတဲ့ပေါက်စီနားကိုသွားကာ

"ပေါက်စီကလည်း ကိုကို ပေါက်စီ၀ယ်ကျွေးမယ် စိတ်မဆိုးနဲ့နော် ကိုကိုက ရုတ်တရက်ဆိုတော့ ကြောင်သွားတာ မင်းကလည်းချောလာတာကို အရင်လိုပါးလေးတွေတောင်သိပ်မဖောင်းတော့ဘူး"

ပေါက်စီ စိတ်ဆိုးမှာကြောက်လို့ သူမှာချော့နေရသည်။ငယ်ငယ်က မေမေနဲ့အတူ မေမေငယ်ငယ်ကနေခဲ့တဲ့ မေတ္တာရိပ်မြုံမိဘမဲ့ဂေဟာကို ခြူးခေတ်က မေမေသွားတိုင်း လိုက်သွားတက်သည် ။ ပြီးရင်ဂေဟာကကလေးတွေနဲ့ အမြဲတမ်းသူဆော့နေကြ ဖြစ်သည်။ထိုကလေးတွေ ထဲကမှ ပေါက်စီက အသားဖြူဖြူလေးနဲ့၀တုတ်တုတ်လေးမို့ ခြူးခေတ်အသည်းယားပြီးပေါက်စီလို့ ခေါ်တက်သည် ဒင်းကလည်း ပေါက်စီစားရတာကြိုက်တော့ ခြူးခေတ်ပေးတဲ့နာမည်နဲ့ ကွက်တိခြောက်နှစ်အရွယ်ခြူးခေတ်သွင်နဲ့ လေးနှစ်အရွယ် ရိပ်နေခေါ် ပေါက်စီက ဂေဟာမှာ အမွှေဆုံးပင် ဂေဟာကတခြားကလေးတွေ သာမက ဆရာမတွေတောင် ခြူးခေတ်နဲ့ ပေါက်စီတွဲမိနေရင် ကြောက်ရသည် အရမ်းလိုက်စသလို ဆော့ချက်မွှေချက်တွေက ကမ်းကုန်အောင်ပါဘဲ နောက်တော့ ပေါက်စီကို မွေးစားမဲ့မိဘတွေ ရောက်လာတာကြောင့် ပေါက်စီကတော့ လိုက်သွားရသည်။ သူသွားလည်တော့ ပေါက်စီကို မတွေ့ရတာကြောင့် အဲ့နေ့ကဂေဟာမှာ သောင်းကျန်းကာငိုယိုနေခဲ့သေးသည်။

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now