Unicode
"သား"
ခြံထဲကို ၀င်လာတဲ့ ကလေးနှစ်ယောက်ကို မြင်တာနဲ့မေသရဖီအပြင်ကို ပြေးထွက်လာမိသည်။ မပြန်သေးဘဲ သားတွေပြန်လာသည် အထိစောင့်နေတဲ့ ဦးမိုးမြင့်မားကလည်း သူမနောက်ကနေထကာလိုက်လာသည်။
"ခေတ် အိပ်ပျော်နေပြီ မေမေ"
အာဏာမိုးမြင့်ရဲ့ကျောပေါ်မှာ အသက်ရှူမှန်မှန်ဖြင့် အိပ်မောကျနေတဲ့ သားလေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ
"သွား သွား အပေါ်ခေါ်သွား "
"ဟုတ်မေမေ"
အပေါ်ကို တက်သွားတဲ့ ကလေးနှစ်ယောက်ကို မေသရဖီကြည့်နေမိသည်။ မိုးမြင့်မားပြောပြလို့ အာဏာလေးက သူ၏သားအရင်းမဟုတ်တာကိုသူမသိပြီးပြီးဖြစ်သည်။ ဖြိုး ကိုလမ်းခွဲပြီး အာဏာအမေနဲ့သူလက်ထပ်ခဲ့ရတာဟာ မေမိုးမဒီရဲ့အကွက်တွေကြောင့်သာဖြစ်ပြီး သူမတို့ ဆုံမိတဲ့ပါတီတစ်ခုမှာပင် သူမဟာ မိုးမြင့်မားကို အပိုင်ဖမ်းခဲ့ပြီး တခြားလူနဲ့ရခဲ့တဲ့သူမရဲ့ကိုယ်၀န်ကို မိုးမြင့်မားရဲ့ကလေးဟုဆိုကာ တာ၀န်ယူစေခဲ့သည်။ မိဘချင်းကလည်း စီးပွားရေးအရ သိရှိရင်းနှီးနေကြတာကြောင့် သူမနဲ့မိုးမြင့်မားကို လက်ထပ်စေချင်ခဲ့ကြသည်။ လက်ထပ်ဖို့ မိုးမြင့်မားက ငြင်းဆန်ခဲ့တော့ ဖြိိုးဘက်ကိုရောမိသားစုစီးပွားရေးကိုပါ တိုက်ခိုက်လာခဲ့တာကြောင့်သူ့မှာလက်ထပ်ပွဲကို လက်ခံလိုက်ရပြီး ဖြိုးနဲ့ လမ်းခွဲခဲ့ရသည် တဲ့ဒါတွေကို သားတို့ထွက်သွားတဲ့အချိန်မှာမေသရဖီကိုပြောပြလာခဲ့သည်။
"မေသရဖီ ငါလည်းပြန်တော့မယ်"
"အင်း"
ဦးမိုးမြင့်မားပြန်သွားပြီး သိပ်မကြာခင်မှာဘဲ ရိပ်နေပြန်ရောက်လာတော့သည်။
"သားရိပ်နေ ဒီနေ့နောက်ကျလိုက်တာ"
"စာမေးပွဲ နီးတော့အချိန်ပိုယူပြီးသင်နေရတာနဲ့ နောက်ကျသွားတာ မေမေ"
"အင်း အင်း သွားရေချိုးပြီး နားတော့ခနနေရင်မင်းအစ်ကိုတွေနဲ့ညစာစားမယ်"
"အကိုကြီး အာဏာရောက်နေတာလား"
"အင်းဟုတ်တယ်"
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romanceအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...