Part 27

3K 105 8
                                    

Unicode

မိုးမခစံအိမ်ရှေ့ရောက်တော့ အာဏာမိုးမြင့်ကားကိုရပ်လိုက်သည်။ဘေးကနေ ဆူထော်နေတဲ့ ကောက်စိန်ကို ကြည့်လိုက်ကာ

"ခေတ် ဘာတွေအလိုမကျဖြစ်နေလဲ"

"....."

"မေမီနဲ့ကိစ္စဆိုရင်တော့ ကိုယ်ပြောပြထားပြီးသားနော်"

"ဒါဆို ဘာလို့သူဖက်တာကို ငြိမ်ခံနေရတာလဲ"

"မခံပါဘူး ခေတ်ရာ ကိုယ်လည်း ရုတ်တရက်ဆိုတော့လန့်သွားတာ ကိုယ်သူ့ကိုတွန်းထုတ်မလို့ လုပ်နေတုန်းခေတ်ရောက်လာတာကို"

"မင်း ပါးစပ်ကပဲပြော လက်ကအငြိမ်နေ"

ခြူးခေတ် သူ့နားကိုတိုးလာကာ ရှင်းပြရင်း လက်ကလည်း သူ့ပေါင်ကိုပွတ်သပ်လာတာကြောင့်ကြက်သီးတွေတောင်ထမိသည်။

"အာဏာပြောနေ အွန်းး"

ပြောနေရင်းနဲ့ကို လက်က သူ့အ၀တ်တွေအောက်ကိုလျှို၀င်လာပြီးဗိိုက်သားတွေကိုပွတ်သပ်ရင်း နှုတ်ခမ်းကိုဖိကပ်ကာနမ်းလာသည်။

အ့

အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ ခံတွင်းထဲကိုလျှာဖျားလေး တိုး၀င်လာပြီး သူ့ရဲ့လျှာလေးနဲ့ကလူးကျီစယ်နေပြန်သည်။ အချိန်တော်ကြာအောင်နမ်းနေပြီးမှသာ အာဏာမိုးမြင့် သူ့ကို လွှတ်ပေးတော့သည်။

"အာဏာမိုးမြင့် မင်းကြောင့် ငါ့အင်္ကျီတွေကြေကုန်ပြီ"

ခြူးခေတ် ဖရိုဖရဲဖြစ်နေတဲ့ အ၀တ်စားတွေကို သေချာသပ်ရပ်သွားအောင် ပြင်လိုက်ရင်း အာဏာကိုမျက်စောင်းထိုးကာ ပြောလိုက်တော့ ရုပ်ကစပ်ဖြဲဖြဲနဲ့ထုထောင်းချင်စရာပင်

"ကိုယ်လည်း အားတွေပြည့်သွားပြီ ဆိုတော့ဒယ်ဒီတို့ဆီသွားကြမယ်"

အာဏာမိုးမြင့်ရဲ့ဒယ်ဒီဆိုသံကြားမှ

"အာဏာ မင်းဒယ်ဒီကတကယ်ပဲ ငါတို့ကိုသဘောတူပါ့မလား"

စိုးရိမ်နေတဲ့ပုံနဲ့မေးလာတဲ့ခေတ်ကြောင့်

"သဘောတူပါတယ် ခေတ်ရဲ့ သူကိုယ်တိုင်ပဲ မင်းနဲ့တွေ့ချင်ကြောင်းပြောပြီးဒီကိုလိုက်လာတာ"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now