Part 23

3.6K 106 0
                                        

Unicode

မေသရဖီ အိမ်ကို ပြန်ရောက်လာတော့ အိမ်မှာဘယ်သူမှရှိမနေခဲ့

ဖြိုးက နေသိပ်မကောင်းဘူးဟုဆိုကာ အလုပ်လည်းမသွားသလို ကျောင်းလည်းမတက်တာသုံးလေးရက်ရှိနေပြီ အခန်းထဲကနေတောင် သိပ်အပြင်မထွက်သလို အခုတလော သူ့ရည်စားဆိုတဲ့လူလည်းသိပ်မလာပေ။ အရင်လိုစိတ်ဆိုးစိတ်ကောက်ကြပြန်ပြီထင်ပါရဲ့ သူဖြိုးရဲ့အခန်းရှေ့ကိုသွားလိုက်ကာ

"ဖြိုးရေ ဖြိုး"

အခန်းထဲက ပြန်ဖြေသံ မကြားတာကြောင့် သူတံခါးကို ဖွင့်ကာ၀င်လိုက်တော့ ဘယ်သူမှရှိမနေခဲ့ သူတစ်အိမ်လုံးကို လိုက်ရှာတာတောင် ဖြိုးကိုသူမတွေ့ ဘယ်တွေသွားနေမှန်းမသိတာကြောင့် ဖုန်းဆက်ရန်ပြင်နေတဲ့အချိန်မှအိမ်ထဲကို ခေါင်းငိုက်စိုက်ကျကာ စိတ်မပါတပါပုံစံဖြင့်လျှောက်လာတဲ့ဖြိုးကိုတွေ့လိုက်ရသည်။

"ဖြိုး ဘယ်တွေသွားနေတာလဲနေမကောင်းတဲ့ဟာကို"

သူ စိုးရိမ်စိတ်ဖြင့် အလောတကြီးမေးလိုက်ပေမဲ့ သူမေးတာကိုပြန်မဖြေဘဲ သူ့နားလေးမှာငြိမ်ငြိမ်လေး၀င်ထိုင်နေသည်။

"ဖြိုးနင်ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူးငိုထားတာလား ဘယ်ကပြန်လာတာလဲ"

"မေ"

"အင်း ပြော"

"မေ ငါ့မှာ ငါ့မှာလေ ကိုယ်၀န်ရှိနေပြီ"

"ဟင် ...ဘာကြီး"

"ငါ့မှာ ကိုကိုနဲ့ရတဲ့ကိုယ်၀န်ရှိနေပြီ"

"ဘယ်လို ဘယ်လိုဖြစ်လို့ ဟိုတစ်ယောက်ကိုရော ပြောပြီးပြီလား"

"ဟင့်အင်း မပြောရသေးဘူး"

"ဒါဆို သူ့ကိုကလေးအကြောင်းပြောပြရမယ်လေ တာ၀န်ယူဖို့လည်း....."

"ဟင့်အင်း မပြောဘူး"

သူစကားမဆုံးခင်မှာပင် ဖြိုး ဟာတုန်ယင်နေတဲ့အသံဖြင်် ဖြတ်ပြောလာကာ မျက်၀န်းထဲမှမျက်ရည်တွေဟာလည်းဆည်ကျိုးသလိုလျှံ့ကျလာတော့သည်။

ဖြိုး၀တီခေတ်ဆက်ကာရှိုက်ငိုနေသည်။

"ဘာလို့လဲ"

"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed) Where stories live. Discover now