Unicode
"ခေတ် ကိုယ်သွားတော့မယ်နော်"
"အင်း"
သူအလုပ်သွားဖို့ ပြင်ဆင်ပြီးတာတောင် ခေတ်ကအိပ်ရာကမထသေးပေ။ ပြန်လာတည်းက သူလည်း ရုပ်ရှင်ကိစ္စတွေအပြင် ဒယ်ဒီကုမ္ပဏီကိစ္စတွေမှာပါ ၀င်ကူပေးနေတာကြောင့် မအားလပ်သလို ခေတ်လည်းပဲ စာအုပ်အသစ်အတွက် ပြင်ဆင်နေတာကြောင့် မအားပေ။ သူတို့နှစ်ယောက်အတူရှိတဲ့အချိန်ဆိုလို့ ညဘက်အိပ်တဲ့အချိန်တွေမှသာဖြစ်သည်။ ဒါတောင်ခေတ်က တစ်ခါတစ်လေနောက်ကျသည်အထိ စာရေးနေတက်တာကြောင့် ခေတ်ကို စောင့်နေရင်းနဲ့ ခေတ်ရဲ့ပေါင်ပေါ်မှာတင် သူအိပ်ပျော်သွားတက်သည့် အချိန်များပင်ရှိတက်သေးသည်။ သူက အခုဆိုခေတ်ရဲ့အခန်းကို အပြီးပိုင်ပြောင်းကာ နေနေပြီ ဖြစ်တာကြောင့် သူ့ရဲ့အခန်းကို ဒီတိုင်းသော့ပိတ်ထားလိုက်ပြီ ဖြစ်သည်။
"ကိုယ့်ကို နှုတ်ဆက် အနမ်းလေးတောင် မပေးတော့ဘူးလား သည်းငယ်လေး"
"လာ"
လှဲအိပ်နေရင်းကနေ လက်နှစ်ဖက်ကိုဖွင့်ထားကာနှုတ်ခမ်းကလေးကိုဆူထားပြီး မျက်လုံးကတော့ မှိတ်ရက်သားဖြင့် လုပ်ပြနေပုံက သူ့အတွက်အတော်အသဲယားစရာကောင်းနေသည်။ထို ဆူထော်နေတဲ့နှုတ်ခမ်းလေးကို ဆွဲစုပ်ကာ နမ်းလိုက်ပြီး မျက်နှာအနှံ့အနမ်းလေးတွေပေးလိုက်သည်။
"ညနေကျရင် ပွဲတစ်ခုရှိတယ် ခေတ်ကိုယဥ်ကျေးလာခေါ်လိမ့်မယ်"
"ဘာပွဲလဲ"
"ရောက်ရင်သိမှာပေါ့ ညနေကျမှ တွေ့မယ် အိပ်တော့သည်းငယ်လေး ပြွတ်စ်"
စောင်လေးကို သေချာခြုံပေးခဲ့ကာ တံခါးသေချာပိတ်ပေးပြီး သူအလုပ်ကိုထွက်လာလိုက်တော့သည်။
ဒီနေ့အတွက် သီးသန့်ငှားရမ်းထားသော ကဖေးဆိုင်လေးတစ်ခုတွင် မေမီ ယဥ်ကျေး လှလွန်းမဒီ နဲ့ လရောင်တေးတို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
"ဖယောင်းတိုင်နဲ့ ပူဖောင်းတွေလိုနေသေးတယ် နင်တို့သွား၀ယ်လိုက်"
မေမီက သူ့ရှေ့တည့်တည့်တွင်ထိုင်နေတဲ့ ယဥ်ကျေးကို မေးဆက်ပြကာပြောလိုက်သည်။ တဆက်တည်း လှလွန်းမဒီရဲ့ဘေးမှာထိုင်နေတဲ့လရောင်တေးကိုကြည့်ကာ
YOU ARE READING
"ငယ်ကချစ်နှစ်တစ်ရာ ကျွန်တော့်အတွက်တော့ထာ၀ရ" (Completed)
Romantikအာဏာမိုးမြင့်ဆိုတဲ့ ကောင်လေးက ကျောင်းအသစ်ကိုရောက်တော့ ခြူးခေတ်သွင်ဆိုတဲ့ကောင်လေးနဲ့ဘေးချင်းကပ်ထိုင်ခဲ့ရသည်။ စကားအလွန်များတဲ့ကောင်လေးကိုသဘောမကျဖြစ်ခဲ့ရပေမယ့်လည်း အထီးကျန်ကာ အပေါင်းသင်းသိပ်မရှိခဲ့တဲ့သူ့အတွက် ထိုကောင်လေးကသူငယ်ချင်းကောင်းလေးဖြစ်လာခဲ့သည်...