(1)

3.4K 205 26
                                    


"တော်စမ်း ငါမကြားချင်တာ အဲ့ခံလာရတယ်ဆိုတဲ့စောက်စကားကိုပဲ!! တောက်!! သီချင်းသံက ဘာလို့ အကျယ်ကြီး- Kim Taehyung!!!"

ဖုန်းပြောနေရင်းစိတ်တိုနေသော Hoseokသည် စောစောစီးစီးအခန်းထဲဝင်ကာ လက်လက်ထနေသူအား လှမ်းမာန်မဲလိုက်သည်။ အိပ်ယာနိုးခါစဆံပင်စုတ်ဖွားဖြင့် ဒေါသမိုးပြိုနေသည့် Hoseokအား Taehyungကမျက်စောင်းခဲကာ မထီမဲ့မြင်ပြု၍ volumeကို ပိုတိုးတင်လိုက်ပြီး ဘယ်လောက်မှမကြာသောအချိန်တွင် လက်သီးဆုပ်လောက်နာရီငယ်က သူ့ခါးဆီတည့်တည့်လာမှန်သည်။ နာရီလေးမှအလှပါသောခက်ရင်းပုံစံကီးချိန်းလေးဖြင့်တည့်တည့်လာမှန်သည့်အတွက် Taehyungမျက်နှာလေး ရှုံ့မဲ့သွားရသည်။

လူကသာ အကြောတင်းချင်တင်းမည်။ အသားနာလာလျှင်တော့ Kim Taehyungတို့ မျက်ရည်ကဝဲခနဲ.။ ကိုယ်ကအငယ်မို့ ပြန်လည်းမလုပ်ရဲသဖြင့် မေမေ့ဆီသို့တိုင်ရန် Speaker boxကိုပိုက်၍ အခန်းထဲမှ​ခြေဆောင့်ထွက်ခဲ့သည်။

"တော်တော့ကွာ! အာရုံနောက်တယ်။ မုန့်ဖိုးဖြတ်ခံရလို့အိမ်မှာလိမ္မာပြနေရပါတယ်ဆိုမှ မင်းတို့တွေ တကယ်စောက်သုံးကိုမကျဘူး.။ ငါအပြင်ထွက်နိုင်တဲ့နေ့ကျရင် အဲ့အုပ်စုရော မင်းတို့ကိုရော တစ်ယောက်မကျန် သတ်ပစ်မယ်!!"

ဒေါနှင့်မောနှင့် သူငယ်ချင်းတစ်အုပ်ကို ပြောဆိုပြီးသည့်နောက် Hoseokသည် စိတ်တိုကာ ဖုန်းကိုလွှင့်ပစ်လိုက်သည်။

"Jung Hoseok!!"

"ဗျာ.!!..."

ရုတ်တရက် အသံကျယ်ကြီးကြောင့် တစ်ကိုယ်လုံးတုန်တက်သွားပြီး ပြာပြာသလဲထူးကာ လှည့်ကြည့်တော့ အခန်းဝ၌မေမေသည် သူ့အား စားမလိုဝါးမလိုကြည့်နေကာ ခုနက နှင်လွှတ်လိုက်သောTaehyungကပါ အနောက်ကနေ မျက်နှာကိုချီ၍လက်ပိုက်ရပ်နေသည်။

"ဖုန်းကိုဘယ်လိုလုပ်နေတာလဲ! ခုပြန်လာကောက်စမ်း!!"

ကျားရှေ့မှ မှောက်လျက်လဲသည်ဆိုရမလား။ သကောင့်သားဖုန်းက မေမေ့ခြေရင်းတည့်တည့်ကိုမှ သွားကျလေသည်။ Hoseokသည် ကိုယ့်ကိစ္စလည်းရှိနေသေး၍ အတတ်နိုင်ဆုံး မျက်နှာကိုငယ်နိုင်သမျှငယ်ထားကာ ရို့ရို့ကျိုးကျိုးလေး သွားကောက်ရသည်။ ပြန်ထလိုက်သည့်အခါမှာတော့ လက်ဆစ်မာမာကြီးလေးခုက ငယ်ထိပ်တည့်တည့်သို့ ဒေါက်ခနဲ။

"Hey! Min.."  [Completed]Where stories live. Discover now