(32) Part-1

718 101 34
                                    

Unicode

ကားလမ်းမထက် တလှိမ့်ကောက်ကွေးလွင့်စင်သွားသည့်မိုးပြာရောင်လေးသည် ချက်ချင်းသွေးတွေနဲ့မြင်မကောင်းဘဲရှိလျက်
အတိုက်ခံလိုက်ရသည့်အရှိန်ကလည်းပြင်းတာကြောင့် တော်တော်ဝေးဝေးကိုလွင့်စင်သွားတော့သည်.။

"Hyung!!!"

"Hoseok!!!"

အခုမှရောက်ချလာသည့်Namjoonတို့နှင့်တိုးကာ Hoseokဆီအားလုံးပြေးသွားကြသော်လည်း Minသည် နေရာကနေဒူးထောက်ကျသွားလျက်က မထနိုင်ခဲ့.။
အသက်ရှူတွေမြန်လာကာ လူတစ်ကိုယ်လုံးကအကြောတွေအားလုံးထောင်လာသလိုခံစားနေရသည်။ စိတ်ထဲအိပ်မက်သာဖြစ်ပါစေဟုဆုတောင်းနေမိရင်း တလိမ့်လိမ့်စီးကျလာသည့်မျက်ရည်များဖြင့် အံကိုတင်းတင်းကြိတ်ကာ လေထဲကအောက်ဆီဂျင်ကိုအလုအယက်နဲ့သာ.။

အကြီးမားဆုံးထိခိုက်သွားမှုတွင် မလှုပ်နိုင်တော့ဘဲရှိလျက် ကားနှင့်တိုက်မိသည့်နံရိုးနေရာ...လမ်းနှင့်ပွတ်မိသည့်မျက်နှာတစ်ခြမ်း...​တစ်ကိုယ်လုံးကအရိုးအဆစ်တွေလည်းတော်တော်များများကျိုးကြေသွားသည့်အတွက် အသက်တောင်မရှူနိုင်တော့သည့်Hoseokသည် သွေးသံရဲရဲနှင့်သာမန်လူကြည့်လျှင်မေ့တောင်လဲသွားနိုင်သည့် ပုံပန်းသဏ္ဍာန်နဲ့ဖြစ်ကာ နာကျင်မှုကိုဘေးကနေကြည့်ရသူတောင်အတိုင်းသားခံစားနေရသည်။

"ဘာဖြစ်တာလဲ ဟမ်!! ဘာလို့ကားတိုက်ခံလိုက်ရတာလဲလို့!! ပွဲမှာရှိနေရမှာမဟုတ်ဘူးလား"

Namjoonက အထိတ်ထိတ်အလန့်လန့်
အော်လိုက်ကာ Hoseokကိုဆွဲပွေ့လိုက်တော့ ခန္ဓာကိုယ်ကအထိတောင်မခံနိုင်လွန်း၍ ထပ်ပြီးနာကျင်တာကိုမခံစားနိုင်တော့။ မျက်လုံးထောင့်နားကနေမျက်ရည်တွေစီးဆင်းနေကာ မျက်သားရဲရဲဝန်းရံထားသည့်မျက်ဆံနက်နက်ဖြင့် Yoongiကိုလှမ်းကြည့်ဖြစ်အောင်ကြည့်သည်။ သေရင်တောင်ဒီမျက်နှာကိုနောင်ဘဝအထိသယ်ယူသွားချင်လို့ သံသရာအဆက်ဆက်မုန်းတီးနေချင်လို့...။ တဆဆထပ်တိုးလာသည့်အမုန်းထုထည်ဖြင့် Hoseokသည်အံကြိတ်ကာ အသက်ပြင်းပြင်းရှူနေရာမှငြိမ်ကျသွားခဲ့သည်။

"J!!! J!! မအိပ်လိုက်နဲ့ သတိကပ်ထား
ဆေးရုံမရောက်ခင်အထိမင်းအိပ်လိုက်လို့မဖြစ်ဘူးနော်..."

"Hey! Min.."  [Completed]Tempat cerita menjadi hidup. Temukan sekarang