🕊️(34)🕊️

766 107 16
                                    

Unicode

ငါတို့နှစ်ယောက်စလုံး ဘာမှမလုပ်ကြဘူး။
တိတ်ဆိတ်သင့်လို့ တိတ်ဆိတ်နေတာလား
နေသား ကျသွားတာလား...
ဒါမှမဟုတ်...
ဘဝတွေထဲက ထုတ်ပစ်လိုက်ကြလို့လား....။

လှေတစ်စီးက ကမ်းနဲ့ကွာသွားသလိုပဲ
တရွေ့ရွေ့နဲ့ ဆွဲခေါ်တဲ့သူရှိမှ
ကမ်းပြန်ကပ်မှာမျိုးဆိုရင်...
မင်းနဲ့ငါ ဘယ်သူအရင်ပြန်ဆွဲကြမလဲ
တကယ်တော့ အမှန်တရားတွေ
အကောင်အထည်ပေါ်လာဖို့ပဲ
လိုအပ်ရုံလေးပါ....။

.................................

ကားလမ်းပေါ်က သွေးသံရဲရဲနှင့်ပုံရိပ်ငယ်..။

အချိန်ကား မနက်၆နာရီ။

ခြေချောင်းလေးတွေအိပ်ရာအားကုပ်ထားမိသည်။ ပွင့်မလာသည့်မျက်လုံးများသည် ကြိုးစားဖွင့်သော်လည်း မစွမ်းနိုင်ဘဲရှိလျက်
ပူလောင်လာကာ မျက်ရည်ပူတွေစီးဆင်းကျလာသည်။ ရင်ဘတ်ကိုဖိထားမိကာ အသက်ရှူတွေလည်းကြပ်လွန်းသည်။ ပြေးပြီးထွေးပွေ့ထားချင်လိုက်တာ...လှုပ်မရသည့်ခြေထောက်တွေက ဒုက္ခတစ်မျိုး.။ ငိုနေသော်လည်း အသံမထွက်.။ သွေးအိုင်ထဲက အကြင်သူသည် နီရဲနေသည့်မျက်ဝန်းများဖြင့် ဖျတ်ခနဲလှမ်းကြည့်လာချိန်မှာတော့ တွင်းနက်ကြီးထဲပြုတ်ကျသွားသလိုခံစားချက်ဖြင့် မျက်လုံးတွေအလူးအလဲပွင့်လာသည်။ မျက်နှာနှင့်လည်ပင်းတစ်ခုလုံးချွေးတွေမျက်ရည်တွေစိုရွှဲနေကာ Minသည် မောမောပန်းပန်းဖြင့် ဆတ်ခနဲထထိုင်လိုက်သည်။

တဆတ်ဆတ်တုန်ခါနေသည့်နှလုံးကြောင့်
ဘေးစားပွဲကအံဆွဲကိုဖွင့်ကာ ဆေးဘူးအမြန်ထုတ်လိုက်ရသည်။ လက်တွေပါတုန်နေတာမို့ ပြန်ပြုတ်ကျနေသောဆေးဗူးသည် ဘယ်နှခါလောက် ကောက်နေရမှန်းမသိတော့.။ ဆေးလုံးတွေကိုလက်ခုပ်ထဲထည့်ကာ ဘေးကရေဘူးနဲ့ပဲ မျှောချပစ်လိုက်ရသည်။

ဆေးသောက်ပြီးသည့်အခါ စောင်ထဲမှထလိုက်တော့ အိပ်မောကျနေသည့် Min-Jလေး လှုပ်လာတာမို့
ရင်ဘတ်လေးကို အသာပုတ်ပေးကာ
ပြန်ချော့ရသည်။ ငြိမ်သွားမှန်းသေချာမှ ပုခုံးထိစောင်သေချာဆွဲခြုံပေးလိုက်ကာရေချိုးခန်းထဲဝင်လာခဲ့ရသည်။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora