(9)

850 129 11
                                    


အလျင်လိုနေမှ ဓာတ်လှေကားသည် အပေါ်ကိုမြန်မြန်မရောက်နိုင်တော့။ တစ်ကိုယ်လုံးထိုင်မရထမရဖြင့် သူ့စိတ်တွေအတော်လေး အစိုးမရဖြစ်နေသည်။ ဇောချွေးတွေဆိုတာလည်းသုတ်လို့ပင်မနိုင်.။ ခေါင်းနဲ့နံရံနဲ့လည်း ဘယ်နှချက်လောက်ဆောင့်ခဲ့မိမှန်းမသိတော့။

Min Yoongi.....
စဆုံတဲ့ရေစက်တွေမှာကတည်းက ကောင်းကျိုးမပေးခဲ့တဲ့ကောင်!!

ဘဝဟာToiletထဲက လူဆိုးကောင်တစ်ယောက်ပဲသေခဲ့ရတာမဟုတ်။ သူ့ဘဝသည်လည်းအဲ့ဒီ့ကတည်းက သေခဲ့ရခြင်းဖြစ်သည်။ ဒါကိုဘာတွေများ ငြှိုးနေရသလဲ.။ နစ်နာခဲ့တာချင်းအတူတူကို တစ်မူးပိုသာ၍ ရက်စက်ချင်နေသည့် မကောင်းဆိုးဝါးကောင်အား သတ်ပစ်ချင်စိတ်သည် အသွေးအသားထဲမှလှိုက်တက်လာကာ တစ်ကိုယ်လုံးတုန်ရီလာသည်.။

ခေါင်မိုးထပ်မှာရပ်တော့ ဖြည်းဖြည်းချင်းပွင့်နေသည့်တံခါးကြောင့် ဒေါသပိုထွက်လာသည်။ အပြင်ကိုရောက်တော့ ရင်ကိုအစိမ်းလိုက်ခွဲချသည့် မြင်ကွင်းဟာ အခုချိန်ထိ အနမ်းမိုးတွေမစဲကြသေးသည့်ပူးပူးကပ်ကပ်လူနှစ်ယောက်.။ တော်လောက်ပြီပေါ့.။

"Min Yoongi!!!!!"

ဟိန်းထွက်သွားသည့်သူ့အသံတွင် Hoseokက လန့်သွားကာချာခနဲလှည့်ကြည့်လာပေမယ့် Yoongiကတော့ မုန်းစရာကောင်းသည့်အပြုံးရိပ်တွေဖြင့် Hoseokနောက်မှခေါင်းလေးအသာစောင်းလျက်လှမ်းကြည့်္လာသည်။ သက်သက်မဲ့လုပ်နေခြင်းဟာ သက်သေတကုတကရှာပြီးထူပြနေစရာတောင်မလိုအပ်.။

"ရောက်လာပြီလား .Kim Namjoon မတွေ့ရတာကြာပြီ..."

"Hyung ဘယ်လိုလုပ်-"

"ပိတ်စမ်း..!! လာခဲ့ ငါ့နားကို"

အသံကုန်အော်ဟစ်လိုက်တော့ ဝိုင်းစက်သွားသည့်မျက်လုံးလေးတွေ...။ ​ကြောက်လန့်နေမှုသည် အကြောင်းအရင်းကိုပင်မသိရသေးဘဲ မျက်နှာကတော်တော်ပျက်ယွင်းနေပြီဖြစ်သည်.။

"ငါက လာလို့ပြောနေတယ်လေ...Jung Hoseok!!!"

"ဘာဖြစ်နေတာလဲ ငါတို့နမ်းလို့မှမပြီးသေးတာ..."

ကြောင်အနေသည့်မျက်နှာလေးကိုပြန်ဆွဲ
လှည့်သွားတဲ့လူ.။ ခါးတွေကိုသိမ်းကျုံးဖက်ကာ ခုနကနဲ့မတူဘဲကြမ်းရမ်းသောအနမ်းတွေမို့ Hoseokတစ်ကိုယ်လုံးတုန်သွားကာ ရင်ဘတ်တွေကိုတွန်းထုတ်ပစ်လိုက်သည်။

"Hey! Min.."  [Completed]Dove le storie prendono vita. Scoprilo ora