(3)

1.2K 153 14
                                    


"ဒီနေ့ မနက်စာကမင်းလက်ရာတွေလား သား."

"ဟုတ်တယ်ဒယ်ဒီ။"

Minအိမ်တော်၏ အရှင်သခင်ဖြစ်သူ လုပ်ငန်းစုတစ်ခုလုံးကိုလည်းဦးဆောင်နေပြီး အချက်အပြုတ်အပိုင်းလည်းသေချာတတ်မြောက်ကျွမ်းကျင်ထားသည့်သားဖြစ်သူအား ကိုင်ထားသည့်ခက်ရင်းလေးကိုခဏချကာ Mr,Min သေချာကြည့်ရသည်။ မျက်စိရှေ့တင်တော်လာလိုက်တာ အဖေဖြစ်သည့်သူကိုယ်တိုင်တောင်လက်မြှောက်ချင်သည်အထိ. အဖေတူသားလေးက ဘယ်အလုပ်မဆို စိတ်ပါမှလည်းလုပ်တတ်သည်လေ...။

"သားကြီးနဲ့ရော အဆက်အသွယ်မပြတ်ဘူးမလား."

"ဟုတ်ကဲ့ အဆက်အသွယ်ရှိပါတယ်. သူလည်းသင်တန်းတွေထပ်တက်ပြီး အလုပ်ကိုအာရုံစိုက်နေတယ်ပြောတာပဲ.။"

"အင်း ကောင်းပါတယ်။ သူအကုန်လုံးကိုမေ့သလောက်ရှိမှပြန်လာပါစေတော့.။"

ထိုစကားကြားတော့ ပန်းကန်ထဲက အရွက်တွေကို ထိုးဆွရင်း Yoongiက ခပ်မဲ့မဲ့ပြုံးသည်။

"လွယ်လွယ်မေ့ပစ်လို့ရတဲ့ကိစ္စတွေမှမဟုတ်တာ။ သူ့ဘာသာသူ အလုပ်ထဲစိတ်နှစ်ထားတာပဲကောင်းပါတယ်။"

"အင်း ဒါလည်းဟုတ်တာပါပဲလေ။ ဒါနဲ့မင်းကရော အသက်ပဲ၃၀ကျော်နေပြီ လက်ထပ်ဖို့စိတ်ကူးမရှိသေးဘူးလား။"

သူ့ဘက်သို့ မြားဦးလှည့်လာတော့ Yoongiသည် Mr.Minအား မျက်လုံးလှန်ကြည့်သည်။ အသက်၅၀ကျော် ဒယ်ဒီသည် နုပျိုလန်းဆန်းကာ ရည်းစားတွေအထည်လဲတွဲလျက် ကမ္ဘာပတ်နေသူသာဖြစ်သည်။ အိမ်ကိုပြန်လာတိုင်းလည်းဖင်ပူအောင်နေသည်မရှိ လုပ်ငန်းအားလုံး Yoongiကိုလွှဲပြီးသည့်နေ့မှစ အိမ်မကပ်တော့ခြင်းဖြစ်သည်။

"ဘယ်သူတွေနဲ့ဘယ်လောက်တွဲတွဲ အိမ်ကိုသာခေါ်မလာရင် Min Yoongiက လိမ်မာပြီးသား" ဟူသည့်စကားကြောင့်လည်း ဘယ်သူ့ကိုမှအိမ်ခေါ်မလာသလို လက်လည်းမထပ်ခဲ့။ တစ်လတစ်ခါ cardထဲငွေအပြည့်လှမ်းထည့်ပေးရုံဖြင့် သူ့ဟာသူပြည့်စုံကျေနပ်နေတတ်သည်။ ဘယ်လောက်ပဲပွေရှုပ်နေပါစေဦးတော့ Mr.Minသည် Yoongiတို့ ညီအစ်ကိုနှစ်ယောက် အတွက်တော့ဖခင်ကောင်းတစ်ယောက်သာဖြစ်သည်။

"Hey! Min.."  [Completed]Where stories live. Discover now