(20) Part-1🌼

906 112 34
                                    


Hoseok...JungKookတိုက်ခန်းမှာလာနေတာတစ်ပတ်ပြည့်သွားပြီဖြစ်သည်.။ ဒီနေ့တော့ နှစ်ယောက်သားပျင်းနေ၍ အပြင်မထွက်ဘဲ အိပ်ရာထဲကတောင် မထွက်ကြ။

လက်ထပ်ပွဲကသေချာပေမယ့် အပြည့်အဝမယုံနိုင်သည့်စိတ်ကြောင့် ပွဲကိစ္စနှင့်အလုပ်ရှုပ်နေမည့်သူကိုမကြာခဏ လိုက်ချောင်းမိသည်.။ သူ့အလုပ်တွေပစ်ထားပြီးတော့တောင် တကယ်ကိုအားတက်သရော ကြိုးစားနေခဲ့တာပါ..။

ဒါပေမယ့်လည်း ဘယ်လိုလုပ်ရမလဲ.။

ဘာတွေလုပ်လုပ်...နှစ်ကြိမ်အပြင်ပိုမရှိခဲ့သည့် အမှတ်တရတွေနဲ့ ငြိလာလျှင် အခန်းနံရံတွေကို ခြောက်ကပ်ကပ်ရယ်သံတွေ ရိုက်ခတ်ကုန်သည်။ ခေါင်းအုံးတွေမှာ ရယ်မောရင်းက ကျန်ခဲ့သည့် မျက်ရည်စတွေ စွန်းကုန်သည်။

အရူးလေးကိုရယ်တာပါ...ရယ်ကြည့်တာ.။
အရူးလုပ်ခံရခြင်း အခိုက်အတန့်ချိုအီအီတွေမှာ ပါးစပ်ဖျားလေးကပဲ Seokဆိုပြီး နူးနူးညံ့ညံ့ ခေါ်ပြလိုက်ရင် မိုးကောင်းကင်အထိတက်ရူးပြီးမာန်တက်ခဲ့တဲ့အရူးကောင်လေးကိုလှောင်ရုံပဲ...။

"J စီးကရက်တွေအရမ်းမသောက်နဲ့ကွာ.။ ငါကစိတ်ကျန်းမာရေးဆရာဝန်နော် အထွေထွေရောဂါကုမဟုတ်ဘူး.။ ဆင်ခြင်တော့.။"

အပေါ်အင်္ကျီဗလာဖြင့်မှောက်လျက်အိပ်နေသည့် JungKookကျောပြင်ကြီးပေါ်မှာ ပက်လက်လှန်လျက်ကန့်လန့်ထပ်အိပ်နေသည့်Hoseokက လွန့်ခနဲပြုံးသည်.။ ဒီကောင်အဘိုးကြီးလည်းမဟုတ်ပါဘဲ ၂၄နာရီ ပွါးနိုင်သည်ကိုတော့ သြချရပါသည်။

"မကုတတ်ရင် မကုနဲ့ကွာ..။ ငါဆေးလိပ်သောက်လာတဲ့သက်တမ်းက မင်းဆရာဝန်သက်တမ်းထက်ရင့်တယ်.။ မလေးမစားမလုပ်နဲ့."

" အလေအလွင့်တွေ ပြောပြန်ပြီ"

"အဟင်း...ဒါနဲ့ဆေးကုန်သွားပြီ..ထပ်ထုတ်ပေးပါဦး."

"ဘာ ကုန်ပြန်ပြီလား...ဘူးအသစ်ထုတ်ပေးထားတာဖြင့်ဘယ်လောက်ကြာသေးလို့လဲကွာ.။ အဲ့ဒါကိုယ့်စိတ်ကိုယ်မနိုင်ဘဲ စောက်ပြဿနာတွေပတ်ရှာချင်ဦးလေ."

"ဟာကွာ...နားညီးလာပြီ.။ ဒီကောင်နဲ့တော့မဖြစ်တော့ပါဘူး.။ မင်္ဂလာဆောင်ပြီး ယောက်ျားနောက်မြန်မြန်လိုက်မှဖြစ်တော့မယ်.."

"Hey! Min.."  [Completed]Tempat cerita menjadi hidup. Temukan sekarang