🌸Ending-2🌸 (Unicode)

1K 106 86
                                    


လွန်ခဲ့သော ၁၈နှစ်သို့တမ်းချင်း...။

"ပါးသဘောမတူလည်း Jiသူ့ကိုယူမှာပဲ.."

"Park Jimin!!!!"

"ဟို- အန်ကယ်!! ကျွန်တော့်ကြောင့်နဲ့တော့ သူ့ကိုမရိုက်ပါနဲ့ဗျာ..တောင်းပန်ပါတယ်.."

Jeonသည် ဒေါသထွက်နေသည့်လူကောင်းတွေကြား ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရသည်.။ ဒီနေရာမှာ သူ့လူနာတွေသာဆို မလွယ်ပါ..။ စိတ်တွေဟာ အစကတည်းက သိပ်ရှည်တာမဟုတ်.။

တစ်အိမ်လုံးနဲ့တစ်ယောက်ဖြစ်နေသည့် အလှလေးသည်လည်း မျက်နှာတစ်ပြင်လုံးနီရဲနေကာ သူ့လက်မောင်းနောက်တွင်
တရှူးရှူးဖြင့် မှုန်ကုတ်ကုတ်.။

သူ့အနေနဲ့လက်ထပ်ချင်ရင်များ ဘာခက်တာမှတ်လို့.။ New Yorkမှာ သူ့အိမ်သူ့ယာ သူ့အလုပ်အကိုင်နဲ့သူ ဒီကောင်လေးကိုလက်ထပ်ပြီး ကျော့ကျော့လေးထားလို့ရတာပဲ..။ အခုဟာက လူကြီးလူကောင်းဆန်ဆန်တရိုတသေခွင့်လာပန်ရုံ..။ သဘောတူတူမတူတူဂရုကိုမစိုက်ပါ.။

"နင့်သားကိုဘယ်လိုလုပ်တော့မှာလဲ!!"

Mr.Parkသည် ဘေးကမျက်နှာပျက်နေသည့်
ဇနီးသည်ကို ဒေါသတွေပုံချတော့သည်။

"နေစမ်းပါဦးဟာ ငါသေချာ​မေးကြည့်ပါအုံးမယ်။ Jiလေး...အိမ်ထောင်ပြုတာနောက်စရာမဟုတ်ဘူးနော်..သားတို့တကယ်ရောချစ်ကြလို့လား ပြီးတော့ တွဲနေကြတာရော ဘယ်လောက်ကြာပြီလဲ..ယောက်ျားတစ်ယောက်နဲ့အိမ်ထောင်ပြုဖို့က-"

"အဆင်ပြေတယ် မား.။ JungKookက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် Jiအတွက်အရေးမကြီးဘူး.။ Jiတို့တွဲနေတာ 3နှစ်ကျော်ပြီ အဆင်ပြေတာထက်တောင်ပိုနေသေးတယ်.။ နော် JungKook.."

"ဟင်? ဟုတ်....ဟုတ်ပါတယ် အန်တီ..."

ယောက်ျားကယူချင်...မျက်လုံးလေးတွေဝိုင်း
နှုတ်ခမ်းလေးကိုစူလျက် ချစ်သူမောင်ကိုပြန်အဖော်စပ်သည်အား Parkကတော် ရယ်ချင်သွားသည်။

"ဟုတ်တယ်တဲ့...."

"ဟာ...နင်ကလည်း...ဟုတ်လည်း ငါသဘောမတူနိုင်ပါဘူး.."

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora